အပိုင်း -(၁)

810 42 16
                                    

Unicode

အေးချမ်းမှုတွေနဲ့လွှမ်းခြုံထားသော ရန်ကုန်မြို့တစ်နေရာ။ December ဆောင်း၏မိုးလင်းခါစအချိန်အားဖြင့်နံနက် 6:40။ ငှက်လေးတွေရဲ့သီကျူးနေသံကအခန်းပြတင်းပေါက်မှာတဝဲလည်လည်။နောက်ထက်နည်းနည်းလောက်မှေးရန်ပြင်လိုက်သည်။

အေးစက်စက်ရာသီဥတုမှာမနက်အစောကြီးထရတာအချိန်ပြည့်အိပ်ရာထဲပဲ‌နေချင်သူအတွက်တကယ်ခက်ခဲလွန်းပါသည်။ မထလို့ကလည်းမဖြစ်။ ပထမဆုံးဂျူတီဝင်ရမှာမို့ နွေဦးထည်ဝါ တစ်‌ယောက်အိပ်ရာထဲလူးလှိမ့်ကာမျက်လုံးကိုအားယူပြီးဖွင့်ရသည်။ ကုတင်ဘေးမှာတင်ထားတဲ့‌နာရီကဘယ်အချိန်က Alarm ပိတ်မိသွားလဲမသိ 7:30ကိုညွှန်ပြနေပြီ။ခဏလေးမှေးလိုက်တာဘာလို့အချိန်တွေကအဲ့လောက်မြန်သွားရတာလဲ။

"သေစမ်း! ပထမဆုံးဂျူတီဝင်ရမယ့်ရက်မှာနောက်ကျတော့မှာပဲကွာ"

နွေဦးတစ်ယောက်အိပ်ရာပေါ်ကထပြီးရေချိုးခန်းဝင်ကာသွားတိုက်၊ရေချိုးခြင်းအမှုကိုအမြန်လုပ်ရသည်။ပြီးတာနှင့် Kitchen counter ပေါ်ကပေါင်မုန့်တစ်ခုကိုပါးစပ်ထဲကောက်ဝါးပြီးနွားနို့တစ်ဗူးယူကာ condo ကနေထွက်လာခဲ့လိုက်တော့သည်။

ဒါသူ့ရဲ့နေ့စဉ်ဖြတ်သန်းသွားရမည့်ပုံစံပင်။
နွေဦးမှာမိဘတွေရှိပါသည်။ ဒါပေမယ့်သူမိဘတွေနဲ့အတူမနေပါ။ ကျောင်းပြီးကတည်းကတစ်ယောက်ထဲသာလွတ်လွတ်လပ်လပ်နှင့်‌အေးအေးဆေးဆေးနေချင်သူသာဖြစ်၍အိမ်နှင့်ခွဲထွက်ခဲ့သည်။

နွေဦးတို့မိသားစုမှာ အရမ်းကြီးချမ်းသာသည့်လူမျိုးထဲတွင်မပါပေမယ့် အသင့်အတင့်သုံးနိုင်၊ဖြုန်းနိုင်သည့်ထဲတော့ပါသည်။ အိမ်တွင်လူကသုံးယောက်ရှိသည်။ ပါပါးရယ်၊ မေမေ နဲ့သူရယ်ပင်။ နွေဦးကငယ်ငယ်ထဲကအဖော်မရှိ၊ တစ်ယောက်ထဲသာဖြစ်သည်။

မေမေနှင့်ပါပါးဟာလည်းသူတို့အလုပ်ကိုယ်စီဖြင့်သာမို့နွေဦးကိုအချိန်ပေးခဲ့တာမျိုးမရှိ။
ဒါကလည်းအထူးဆန်းဖြစ်ရမည့်ကိစ္စ‌တော့မဟုတ်။ဒီလိုနေခဲ့ရတဲ့နှစ်တွေကနည်းမှမနည်းပဲ။ ဒါကြောင့်လည်းသူအိမ်ကနေခွဲထွက်၍နေတာဖြစ်သည်။

နွေဦးပုံပြင်Where stories live. Discover now