အပိုင်း -(၁၉)

128 8 0
                                    

Unicode

နေရာစိမ်းဖြစ်လို့အိပ်မပျော်သော်လည်း ခရီးပန်းနေတဲ့အချိန်မို့အနားယူလိုက်ပြီး နွေဦးအစောကြီးနိုးနေသည်။ နေတောင်ကောင်းကောင်းမထွက်သေးခင်မို့ဘယ်သူ့မှလည်းမနိုးသေး။သူတစ်ယောက်ထဲအိမ်ရှေ့ထွက်လာခဲ့တော့ မြူတွေစိုင်းပြီးဝိုးတဝါးနှင့် မြင်နေရသည့်တောင်ပေါ်ကမြင်ကွင်းဟာတောင်ကြီးမြို့တစ်ခုလုံးနီးပါးကိုမြင်နေရသလိုရူးလောက်အောင်လှသည်။

သူရပ်နေတဲ့နေရာနား‌တွင်သစ်သားခုံတန်းရှည်လေးတွေ့တာကြောင့် အိမ်ထဲပြန်ပြေးဝင်ကာရေနွေးအိုးတစ်အိုးအမြန်တည်လိုက်သည်။ ထို့နောက် ပွက်ပွက်ဆူလာသောရေနွေးကိုချပြီး ကော်ဖီပူပူနွေးနွေးတစ်ခွက်ဖျော်နေချိန် မီးဖိုချောင်ထဲဝင်လာတဲ့သူကိုလှမ်းကြည့်မိလိုက်တော့

"ဟော ခန့် အစောကြီးနိုးနေတာလား"

"နေရာစိမ်းဆိုတော့သိပ်ပြီးအိပ်မပျော်လို့"

"ဒါဆိုခဏနော်။ ‌ကိုယ် ကော်ဖီဖျော်ပေးမယ်"

တကယ်ကဘုန်းခန့်အပေါ့သွားချင်၍အောက်ထပ်ဆင်းလာတာဖြစ်သည်။ မီးဖိုချောင်ထဲအသံတွေကြားနေရတာကြောင့်အပေါ်ပြန်မတက်ခင်ကြည့်မိတော့ဒေါက်တာဖြစ်နေမို့သူပါလာခဲ့ရခြင်းဖြစ်သည်။ ကော်ဖီဖျော်ပေးမယ်ဆိုတော့သူပြန်မအိပ်ဖြစ်တော့ပါ ဒေါက်တာနဲ့တူတူကော်ဖီသောက်ဖို့သာဆန္ဒရှိနေခဲ့တော့၏။

"ခန့် အနွေးထည်သွားဝတ်လိုက်။ အိမ်ရှေ့ကခုံမှာသွားထိုင်မလို့"

ခေါင်းငြိမ့်ပြလိုက်ပြီးအပေါ်ထပ်အခန်းထဲပြန်ဝင်လာကာအနွေးထည်ကိုထုတ်ယူနေလိုက်သည်။ ကုတင်ပေါ်ကဟိုလူကိုတစ်ချက်လှမ်းကြည့်မိတော့ အိပ်နေတာများကွေးလို့။ ညကအလယ်မှာ‌ခွခေါင်းအုံးမရှိလို့ အဲ့လူကသူ့ခရီးဆောင်အိတ်ကြီးကိုဇီဇာကြောင်ပြီးထားသည်။ သက်သက်မဲ့နေရာကျပ်အောင်လို့သူကိုယ်တိုင်လုပ်တာဖြစ်သည်။ စိတ်ပေါက်ပေါက်နှင့်သူအိပ်ရာထဲဝင်တော့ထိုလူ့ခရီးဆောင်အိတ်ကြီးကိုထိုလူ့ဘက်ကိုသာအတင်းတွန်းပို့ပြီးအိပ်နေလိုက်တာပင်။
တအားဇီဇာကြောင်တဲ့ဘဲကြီး။ မိန်းမသာရရင်ဘယ်လိုနေမလဲမသိ။

နွေဦးပုံပြင်Where stories live. Discover now