အပိုင်း -(၁၈)

134 9 4
                                    

Unicode

ကားပေါ်ကဆင်းလိုက်ကြတဲ့အချိန် လာရိုက်ခတ်သည့်အအေးဓာတ်ဟာတစ်ကိုယ်လုံးကိုခိုက်ခိုက်တုန်နေအောင်အေးခဲသွားစေသည်။

ဒီတခါရှမ်းပြည်ရဲ့တောင်ကြီးဆောင်းကိုထပ်ကြုံတွေရပြန်ပြီထင်တယ်။ ငယ်ငယ်ကလာတဲ့အချိန်ကဆိုရင် အနွေးထည်အထူကြီးကြားခြေအိတ်၊လက်အိတ်အပြည့်နဲ့မြုပ်နေတဲ့ကိုယ့်ကိုယ်ကိုယ် နွေဦးပြန်မြင်ယောင်လာသည်။

ဒီမြေကိုနင်းလိုက်တာနဲ့အမှတ်တရတွေဟာရုပ်ရှင်တစ်ကားလိုအနှေးနဲ့အမြန်မျက်လုံးထဲပြန်ဝင်ရောက်လာခဲ့ပြီလေ....။

တောင်ကြီးဈေးထဲက ရှမ်းခေါက်ဆွဲပူပူနွေးနွေးကိုစားရင်းဈေးသွားဝယ်လို့ခဏထားခဲ့ပြီးတော်တော်ကြာသည်အထိပြန်မလာတဲ့ဦးလေးကြောင့် 9နှစ်အရွယ်နွေဦးမှာမျက်ရည်တွေဝိုင်းပြီးဆန်ဆိုင်ကြီးအရှေ့မှာဂွမ်းထုတ်လေးလိုအနွေးထည်ကြီးထဲမြုပ်ကာထိုင်ချပြီးလန့်နေခဲ့မိသေးတာကိုအမှတ်ရပြန်သေးသည်။

မနက်စာဝင်စားပြီးတဲ့အခါဆိုင်ကယ်အရှေ့ခုံလေးမှာ ချမ်းတုန်နေတဲ့အချိန်ခန္ဓာကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ပြီးတောင်တက်လမ်းတစ်လျှောက်ငေးနေမိသည်မှာအထူးဆန်း။ ဆိုင်ကယ်စီးနေချိန်ဖြတ်တိုက်လာတဲ့လေတွေကြောင့်နှုတ်ခမ်းတွေတုန်သည်အထိ။ ထပ်ပြီးထူးဆန်းမိတာ တောင်တက်လမ်းနံရံတွေမှာ ရေတံခွန်ငယ်လေးတွေကိုမြင်ရခြင်းဖြစ်သည်။ ကလေးပီပီစူးစမ်းချင်စိတ်ဖြစ်တဲ့အခါဆိုင်ကယ်ကိုရပ်ခိုင်းပြီးရေတွေကိုသွားထိကြည့်တော့ အေးစိမ့်မှုဟာအသွေးသားတွေထဲအထိဝင်ရောက်လာပြီး လက်တွေပါထုံ၍ကျဉ်တက်လာသည်။

တန်ဆောင်မုန်းလပြည့်‌နေ့ရောက်တော့ တောင်ကြီးမြို့၏ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲခင်းထဲသွားကြသည်ကတော့ အဓိကတောင်ကြီးကိုလာရသည့်အကြောင်းရင်းပေါ့။

အဝေရာကွင်းထဲကိုရောက်ဖို့‌တိုးလိုက်ရတဲ့ဆိုင်ကယ်‌အုပ်ကြီးဆိုတာ တစ်နိုင်ငံလုံးကလူတွေတောင်ကြီးမှာလာစုနေသလားဟုထင်ရသည်အထိ။ မနက်ခင်းအချိန်ထဲကဆိုင်ကယ်နှင့်ဝင်တာ နေ့လည်မွန်းတည့်မှကွင်းထဲကိုရောက်သည်။

နွေဦးပုံပြင်Dove le storie prendono vita. Scoprilo ora