သူ့ဘာသာဆိုလျှင် ဒီလောက် ဟင်းအများကြီးကို တစ်ခါမှ မချက်ဖူးခဲ့ပေ။ချက်လို့ပြီးသွားသည့် အချိန်တွင် ဆန်ပြုတ်ကလည်း ရနေပြီဖြစ်သည်။ရှန့်ရှီးက အစားစားရာတွင် အငန်ကြိုက်သည်။သူ ပုံမှန်ထက်ပို၍ ဆားကို ပိုထည့်လိုက်သည်။သူ ဒီလို အပင်ပန်းခံ ချက်ထားသည့် ဟင်းများက အနံ့တွင်တော့ အရည်အချင်းက ခုန်တက်သွားသလိုမျိုး ခံစားလိုက်ရသည်။
သူ တစ်လုတ် မြည်းကြည့်လိုက်သည်။
သက်ပြင်းချလိုက်မိသည်။
သူ ဟင်းချက်လျှင် ဒီလောက်စားရဆိုးနေသည့် အကြောင်းအရင်းကို တစ်သက်လုံး ရှာမတွေ့လောက်တော့ပေ။
"အတူတူ ရောစားလိုက်ပေါ့ ၊ ဘာပဲဖြစ်ဖြစ် အဓိကအကြောင်းအရာက ၊ ဒီအစားအစာတွေကို စားလိုက်ဖို့ပဲဟာ"
ချိန်ပေါ်ယန်က ရှန့်ရှီးအား ကုတင်ပေါ်မှ ထခိုင်းလိုက်ပြီး ၊ စားပွဲဘေးတွင် ထိုင်၍ ကြည့်နေလိုက်သည်။
"အာဟာရ ဖြစ်သွားရင် ရပြီ"
"ကော ၊ ခင်ဗျား ပင်ပန်းသွားရပြီ"
ရှန့်ရှီးက ရယ်လိုက်ပြီး ၊ လက်ကို ပွတ်လိုက်သည်။
"ကျွန်တော် ခုနက တစ်ကိုယ်လုံး ချွေးတွေ ထွက်ထားတာ ၊ အများကြီး ကောင်းလာပြီလို့ ခံစားရတယ်......အမှန်တော့ ခင်ဗျား ဟင်းချက်တာက ကြည့်လိုက်ရင် အရမ်းလှတယ်"
"စားလေ"
ချိန်ပေါ်ယန်က ဆန်ပြုတ်တစ်ပန်းကန် ခပ်ယူ၍ ရှန့်ရှီးအရှေ့တွင် ချပေးလိုက်သည်။
"ငါလည်း အဲ့လိုထင်တယ် ၊ တော်တော်လေး လှတာ ၊ စားတဲ့အချိန်ကျရင် ဒီဟာက အရသာကောင်းလောက်တယ်လို့ တွေးပြီး စားရင် ရလောက်တယ်"
ရှန့်ရှီးက အတော်ကြာအောင် ရယ်နေလိုက်ပြီး :
"ကော ၊ ခင်ဗျားက ဒီလိုလေးလေးနက်နက်ပုံစံမျိုး မဟုတ်တဲ့ အချိန်ဆို တော်တော်လေး ရယ်ရတယ်"
ရှန့်ရှီး စားတာ အရမ်းမြန်လှသည်။အရမ်းပူသည့် ဆန်ပြုတ်ကိုပင် ၊ ဘယ်နှစ်လုတ်မှ မရှိသေးပဲ တစ်ပန်းကန် ကုန်သွားခဲ့ပြီ ဖြစ်သည်။ပြီးနောက်တွင်တော့ ချိန်ပေါ်ယန်အား လက်မထောင်ပြလိုက်ပြီး :
အပိုင်း၂၂
Start from the beginning