"မသွားစေချင်ရင် အကြောင်းပြချက်ပေးလေ စိတ်မချတာတွေ ကိုင်းမကြားချင်ဘူး သူများအရမ်းမျှော်လင့်ခဲ့မှန်းသိရဲ့သားနဲ့  ဦး အတ္တမကြီးနဲ့"

"မျှော်လင့်ထားမှန်းသိတယ် ကိုင်း"

"အဲ့ဒါကို ဘာလို့တားနေတာလဲ ဦး ကိုယ်ချင်းမစာမနာ"

"မင်းဆန္ဒကို ကိုယ်အလေးထားစေချင်တယ်မလား ကိုယ့်ဆန္ဒကိုလည်းပြန်အလေးထားလေ မသွားစေချင်ဘူး မသွားရဘူး ကိုယ်နဲ့လက်ထပ်ရမယ်"

"ဟင့်အင်း"

နည်းနည်းလေးတောင်မစဥ်းစားဘဲ ကိုင်းငြင်းလိုက်သည်မို့ သူ ဖျင်းခနဲဖြစ်ကာဒေါသဖြစ်သွားပြီး သူမ ပခုံးတွေကို ကြမ်းကြမ်းတမ်းတမ်းပင်ဆုပ်ကိုင်ပစ်လိုက်မိသည်။
ချစ်လွန်းလို့ ရူးမတက်ဖြစ်နေသော ဒီလူကို သူမ တကယ်ပဲငြင်းရက်သလား…

"မင်း ငြင်းလိုက်တာလား"

"ဟုတ်တယ်လေ မလိုအပ်ဘဲသဝန်တိုနေတဲ့ဦးကို ကိုင်းက ဘာလို့လက်ထပ်ရမှာလဲ တကယ်ဆို ကိုင်းကိုနားလည်ပေးသင့်တာ"

"မင်းကို နားလည်ပေးဖို့လိုအပ်နေရင် ငါ့ကိုအရင်နားလည်ပေးလိုက် ငါ့ကိုမင်းမချစ်ဘူးလား အဲ့ဒီကိုမသွားရလည်း ဘာအရေးလဲ မင်းလိုချင်သမျှ ငါအကုန်ဖန်တီးပေးနိုင်တယ်"

ဒေါသဖြစ်လွန်း၍ မင်းတွေ၊ ငါတွေဖြစ်ကုန်တာကိုလည်း သူသတိမထားနိုင်။
သူမ နာကျင်ပြီး ရုန်းထွက်နေတာကိုလည်း ဂရုမပြုနိုင်ဘဲ စိတ်ရှိလက်ရှိဖိဆုပ်ထားမိဆဲ။

"ဖယ်ပေး ကိုင်းကိုလွှတ်.. မုန်းတယ်"

သူ့ရင်ဘတ်ကို အတင်းတွန်းဖယ်ကာ သူ့လက်ထဲကပြန်ရုန်းဖို့ကြိုးစားနေသော ကိုင်းကို စူးစိုက်ကြည့်မိလေ၊ ဒေါသဖြစ်လာလေ…
ဒါ ဘယ်လောက်ရင်နာဖို့ကောင်းတဲ့ အပြုအမူမျိုးလဲ…

"မရဘူး မလွှတ်ဘူး မင်းပါးစပ်ကမသွားတော့ပါဘူး လို့ မပြောမချင်းမလွှတ်ဘူး"

"ရူးနေပြီသိလား ရှင် ရူးနေပြီ"

"ကိုင်း"

"မခေါ်နဲ့ ရှင့်ကို ကိုင်းအံ့သြလွန်းလို့ သေတော့မယ်သိလား ရှင်က ကိုယ့်ချစ်သူရဲ့အောင်မြင်မှုကို ဖျက်ဆီးပိတ်ဆို့ချင်နေတာ ရှင်မရက်စက်ဘူးလား"

သူမ မှ တစ်ပါးWhere stories live. Discover now