သူက ပြန်မေးလိုက်သည်။
"ကျွန်မက ရှချင်ပါ ..."
အမျိုးသမီးက ရယ်မောလိုက်သည်။ အထက်တန်းလွှာတို့ကို တိုက်ခိုက်ခဲ့စဉ်က သူမ၏ သရုပ်မှန်ကို ဖုံးကွယ်ကာ အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည့်အတွက် ရှချင်ဟူသော အမည်မှာ အပြစ်ကင်းပေသည်။
ဆင်ခြေဖုံးဒေသ၌ ရှချင်ကဲ့သို့သော မိန်းမလှမျိုး အနည်းငယ်ခန့်သာ ရှိပေသည်။ ရှဲ့ယွင်နန်က သူမနှင့် တစ်ခဏမျှ စကားပြောပြီးသည့်နောက် သူမ၏ နောက်ခံမှာလည်း မဆိုးလှဟု ခံစားမိလာသည်။
ဒါပေမယ့် သူမက စိုက်ခင်းဝင်ပေါက်ကို စောင့်ကြပ်ဖို့ တာဝန်ကျတာဆိုတော့ ...
စိုက်ခင်းပိုင်ရှင်က တော်တော်လေး နောက်ခံတောင့်နေမလား တွေးစရာပဲ ...
အချိန်အနည်းငယ်ခန့် စကားပြောခဲ့ပြီးနောက် ရှချင်ကလည်း ရှဲ့ယွင်နန်အပေါ် အထင်အမြင်ကောင်းများ ရှိလာသည်။
ယနေ့ သူမ တံခါးဝတွင် စောင့်ကြပ်သည့်အခါ ပူပြင်းလောင်မြိုက်လှသည့် အကြည့်ပေါင်းများစွာကို ဘက်ပေါင်းစုံမှ လက်ခံရရှိခဲ့သည်။ ထိုသူတို့နှင့် နှိုင်းယှဉ်ပါလျှင် ရှဲ့ယွင်နန်၏ အကြည့်တို့မှာ လွန်စွာ ကြည်လင်သန့်ရှင်းလှသည်။
လက်ထပ်ပြီးသား ဖြစ်နေတာကတော့ နှမြောစရာပဲ ...
နေပါဦး အခု အဓိက အချက်က ... ငါတို့ရဲ့ ခေါင်းဆောင်က ဒီ လက်ထပ်ပြီးသား လူချောလေးကို စိတ်ဝင်စားချင်သလိုလို ဖြစ်နေတာ မဟုတ်လား ...
ရှချင်က သူ့ကို ပြုံးပြကာ အပြင် လိုက်ပို့လိုက်သည်။ စိတ်ထဲတွင်လည်း အနည်းငယ် စိုးရိမ်မိ၏။
မညာစတမ်း ဝန်ခံရပါလျှင် သူတို့အားလုံးကို ခေါင်းဆောင်က ကယ်တင်ထားခြင်းဖြစ်သည်။ အချို့မှာ ခေါင်းဆောင်၏ ပျိုးထောင်မှုဖြင့် ကြီးပြင်းသူများ ဖြစ်ကြ၏။ အားလုံးက ခေါင်းဆောင်၏ အနောက်သို့ စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ လိုက်ပါခဲ့ကြသော်ငြား မည်သူကမှ ခေါင်းဆောင်မှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း မသိကြပေ။
YOU ARE READING
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
RomanceTitle - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်နန်သည် သူ့ကိုယ်သူ အခြားသူတစ်ဦး၏ အချစ်ဇာတ်လမ်းထဲရှိ အမြှောက်စာဇာတ်ကောင် တစ်ဦး ဖြစ်နေကြောင်းနှင့် ထို့ကြောင့်ပင်လျှင် အသက်ဆုံးရှုံးရမည်ဖြစ်ကြော...
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
Start from the beginning