အပိုင်း၂၁

Start from the beginning
                                    

ရှန့်ရှီးက အနားကို တိုးကပ်၍ တစ်ချက်ကြည့်လိုက်ပြီး

"ကော ၊ ခင်ဗျားရဲ့ ဒီလက်ရာကလည်း တကယ့်ကို ကောင်းတာပဲ......."

"ဖြည်းဖြည်းချင်း စားပေါ့"

ချိန်ပေါ်ယန်က ရှန့်ရှီးအား တူလှမ်းပေးလိုက်ပြီး

"အရမ်း လုံးထွေးနေတယ် ထင်ရင်လည်း မင်း......ရေနည်းနည်း ထည့်လိုက် ၊ ပြီးရင် ပဲငံပြာရည်နည်းနည်း ထပ်ထည့်လိုက်"

"......ကျွန်တော် လုံးထွေးနေတဲ့ အတိုင်းပဲ စားလိုက်မယ်"

ရှန့်ရှီးက တူကို လှမ်းယူလိုက်သည်။

တူကို လှမ်းယူလိုက်သည့်အချိန်၌ ချိန်ပေါ်ယန်၏ လက်နှင့် ထိမိသွားခဲ့သည်။ချိန်ပေါ်ယန်မှာ ကြောင်အသွားခဲ့ပြီး ၊ ရှန့်ရှိီး၏ လက်အား ရုတ်တရက် ဆွဲကိုင်လိုက်မိသည်။

ချိန်ပေါ်ယန်၏ လက်က နည်းနည်း အေးနေပြီး ၊ လက်ချောင်းများက အရမ်းကို အားအင်ရှိလှသည်။ရှန့်ရှီးမှာ ချိန်ပေါ်ယန်၏ ရုတ်တရက် ဆွဲကိုင်မှုကို ခံလိုက်ရတာကြောင့် တော်တော်လေး လန့်သွားမိသည်။နှစ်ချက်လောက် ဆွဲလိုက်သော်လည်း လက်ကို မဆွဲထုတ်နိုင်ချေ။သူ ချိန်ပေါ်ယန်ကို စိုက်ကြည့်လိုက်ပြီး :

"ကော.....ဒေါက်တာချိန်.....ဘာလုပ်တာလဲ?"

ချိန်ပေါ်ယန်က ဘာမှပြန်မပြောပဲ ၊ ရှန့်ရှီး၏ လက်ဖ၀ါးကို ဖိပွတ်လိုက်ပြီး ၊ နဖူးပေါ် တစ်ချက် ထပ်စမ်းကြည့်လိုက်သည်။ထိုအခါကျမှသာ လက်ကို လွှတ်ပေးလိုက်ပြီး ၊ လှည့်ထွက်သွားခဲ့ကာ ၊ ဘေးနားရှိ ဘီရိုအံဆွဲကို ဆွဲဖွင့်၍ သေတ္တာသေးသေးလေး တစ်ခုကို ထုတ်ယူလိုက်သည်။

"မင်း ဖျားနေပြီ"

ချိန်ပေါ်ယန်က သေတ္တာလေးထဲမှ အပူချိန်တိုင်းကိရိယာတစ်ခု ရှာယူ၍ ရှန့်ရှီးအား ပေးလိုက်သည်။

"ကိုယ်အပူချိန် တစ်ချက်တိုင်းကြည့်"

"သြော ! ကျွန်တော့်မှာ လန့်သွားတာပဲ ၊ ကျွန်တော် ထင်တာက......"

ရှန့်ရှီးက အပူချိန်တိုင်း ကိရိယာကို လှမ်းယူ၍ ၊ လေတစ်ချက် မှုတ်ထုတ်လိုက်ကာ ၊ ကုလားထိုင်ပေါ် ထိုင်လိုက်သည်။

မတူညီမအပ်စပ်သောWhere stories live. Discover now