031

26 6 0
                                    

  031

       " နောက်တခေါက်ပေါ့ , ငါ ဒီနေ့ ကိစ္စရှိသေးလို့ မင်းနားမှာ အကြာကြီး မနေတော့ဘူး နောက်ရက်မှ မင်းနား အရက်လာသောက်မယ် ! ရှောင်မီကို ငါ့အစားနှုတ်ဆက်ပေးအုံး ! "

  လျန်ဖုံးကေားက ချိန်ရှီးလန်း စပ်ပေးတဲ့ အစိမ်းရောင် cocktailတခွက်ကို တကျိုက်တည်း မော့ချလိုက်ပြီး စတိုင်ပါပါနဲ့ ခွက်ကို ပြန်ချပြီး ခေါင်းကို ခါကာ လက်မထောင်ပြီး သောက်ကောင်းကြောင်း ပုံပြကာ
  " အင်း မင်းအရက်စပ်တာ ပိုပို ကောင်းလာပြီ ! အနာဂတ်မှာတော့ အဖျော်ဆရာဘဝနဲ့ တောက်ပတော့မှာပေါ့  ! "

  " မင်း ဒီကောင် !"
ချိန်ရှီးလန်က လျန်ဖုံးကေားရဲ့ အသွားအလာ ဖမ်းမရတာကို ကျင့်သားရနေပြီမို့ အရက်ခွက်ကို ပြန်ယူကာ အသစ်ပြန်စပ်ပြီး ကိုယ့်ဘာသာကိုယ်သောက်နေတယ်။

  မီလော့က လင်ဘန်းကို 'မ'ကာလျှောက်လာပြီး တံတောင်ဆစ်နဲ့ ဘားကောင်တာပေါ်ထောက်ပြီး မေးတယ်
   " ရှောင်ကေား ကော? "

  " သွားပြီ "

  " ဒီလောက်မြန်တယ် ? ခဏကမှ ငါတို့ ထွင်ထားတဲ့ cocktailစမ်းခိုင်းမလို့ပါဆို ! သူ ဘာအလုပ်ကို လက်ခံထားတာလဲ ကြည့်ရတာ အရမ်း အလုပ်ရှုပ်ပုံပဲ အန္တရယ်များ များသလား ? "

  " ဝေ့ ၊ မင်း ဒီလို ပေါ်ပေါ်တင်တင်ကြီး တခြားလူကို ဂရုစိုက်နေရင် ငါ မနာလိုတတ်ဘူး  "
     ချိန်ရှီးလန် မျက်နှာထားတည်တည်ဖြင့်ပြောနေပြီး မီလော့လိုပဲ တံတောင်ဆစ်နှစ်‌ဖက်က ဘားကောင်တာပေါ်ကို ထောက်ပြီး မီလော့နားကပ်ကာ အကြည့်က နက်ရှိုင်းစွာ သူမကို ကြည့်နေတယ် ။

  ခန့်ညားတဲ့ မျက်နှာက အနီးကပ်လာတော့ မီလော့က လုံးဝမတွန့်ဆုတ်ပဲ ကိုယ်ကို ကိုင်းကာ ပွင့်ပွင့်လင်းလင်းနဲ့ ချိန်ရှီလန်း နှုတ်ခမ်း ကို နမ်းလိုက်တယ် ကလေးကို ချော့သောလေသံဖြင့် ချော့တယ်
  " လိမ္မာတယ်, တခြားအမျိုးသားတွေမှာ မင်းလို ဆွဲဆောင်အားမရှိဘူး မင်းရဲ့ မီလော့က အလုမခံရပါဘူး စိတ်ချပါ ! "

လူစားထိုး zawgyi font Where stories live. Discover now