032

22 6 0
                                    


  032

       လန်ခွန်းနူတ်ခမ်းထောင့်လေး နှစ်ချက်လောက်တွန့်တက်သွားတယ် ၊ ချက်လက်မှတ်ကို ကြည့်ပင်မကြည့် ဗြိကနဲ နှစ်ခြမ်း ဆွဲဖြဲလိုက်တယ် ထပ်ပြီး ဗြိကနဲ ဆွဲဖြဲလိုက်ရာ လေးခြမ်း ဖြစ်သွားတယ် ဒီလိုနဲ့ပဲ ချက်လက်မှတ်ကနေ နှင်းမှုံလေးတွေလို ဖြစ်သွားတယ် ။

  " မင်းက ငွေနဲ့ ရန်ငြိုးရှိတာလား ! "
လျန်ဖုံးကေား မအောင့်နိုင်ပဲ တိုးတိုးလေးကျိန်းတော့တယ်
  " မလိုချင်ရင် ငါ့ကို ပြန်ပေးလေ ဘာလို့ ဖြဲတာလဲ ! "

  လန်ခွန်းသူ့ကို ဂရုမစိုက်ဘူး လက်တချက်ဝေ့လိုက်တာနဲ့ စက္ကူစတွေ လေထဲ ပျံနေလေပြီ တချို့အပိုင်းအစတွေတောင် ရေနွေးစိမ်ကန်ထဲ ရောက်သွားတယ် ၊ ရေပေါ်မှာ ပေါနေသောစက္ကူစတွေက ရိုမန်တစ်ပင်ဆန်နေသယောင်ယောင်။

  လျန်ဖုန်းကေား ထပ်ပြောရမှာပျင်းတာမို့ ထရပ်ပြီး အပြင်သွားလေပြီ ။

   လန်ခွန်း လက်ဆန့်ပြီး သူ့ကို ဆွဲလိုက်ကာ ရယ်ရင်းပြောတယ်
  " ကိုယ် က စနောက်ရုံပါ မင်းက တကယ်မှတ်လိုက်တာလား ? ငွေက ကိုယ့်အတွက် ဘာမှ မဟုတ်ဘူး အဓိကက မင်းနဲ့ ရင်းနှီးဖို့ပါ "

 ဒီစကားပြောနေပုံက ချစ်ရိပ်တငွေငွေ့နဲ့ သူ့ကို အကောင်းမြင်စေလိုသည့် သဘောပါပါနေသလိုလို ။

  လျန်ဖုံးကေားက သူ့လက်ကနေ ရုန်းလိုက်ပြီး
" ကျေးဇူးပြုပြီး ... ဒီလို ရင်းနှီးအောင် မိန်းကလေးတွေ ကိုလိုက်တဲ့ စကားကို မိန်းကလေးတွေအတွက်ပဲ ချန်ထားလိုက်ပါ "

  " ဒါပေမဲ့ ကိုယ် မိန်းကလေးကို မနှစ်သက်ဘူး "
လန်ခွန်းက အလိုက်သင့်ပဲ ပြန်ဖြေရင်း ဆုပ်ထားတဲ့လက်က အားအနည်းငယ်ထည့်လိုက်ကာ သူလည်း ထရပ်လာပြီး လျန်ဖုံးကေားနား ကပ်လာကာ
  " ကိုယ်က မင်းအပေါ် စိတ်ဝင်စားတာ ၊ ငါတို့ ဆက်ဆံကြည့်ရအောင် ဘယ်လိုလဲ ? "

  လျန်ဖုံးကေား စိတ်တိုလွန်းလို့ ရယ်မိကာ ခေါင်းမော့ပြီး လန်ခွန်းရဲ့ ခန့်ညားပြတ်သားလွန်းတဲ့ မျက်နှာက်ု ကြည့်ကာ
  " မင်းလို ဒီလို တစ်ကိုယ်တည်းလူပျိုကြီး ငွေရှိသူဆို ရင်ခွင်ထဲဝင်ချင်တဲ့သူတွေ မနည်းလောက်ဘူး မင်း မိန်းကလေးကို မနှစ်သက်လည်း ယောက်ျားလေးတွေ လည်း မင်းရွေးစရာအများကြီးပါ ! "

လူစားထိုး zawgyi font Where stories live. Discover now