034

24 6 0
                                    

  034

     " ဝေ့ ၊ မင်း ...အန်းမုကို သိလား ? "

  လျန်ဖုန်းကေားက ဟိုဘက်ရေကန်ဘောင်နား ကူးသွားတာကို ကြည့်ရင်း လန်ခွန်းမလိုက်တော့ပဲ အသံကို မြှင့်ကာ ဒီလိုမေးလိုက်တယ် ။

 လျန်ဖုံးကေားရေကူးနေတဲ့လက် ခဏတန့်သွားပြီး ဦးနှောက်က အမြန်လည်နေတယ် ---မသိဘူးလို့လိမ်ပြောရမှာလား ၊ ဒါမှမဟုတ် သူတို့ရင်းနှီးပါတယ်လို့ ပွင့်လင်းစွာ ဝန်ခံရမှာလား ?
  ရေနွေးကန်ထဲက ရေနွေးနွေးကို မျက်လွှာချကာကြည့်ရင်း ဒီနေရာ AnPin club ! Annအိမ်ရဲ့ စီးပွားတခု! ဆိုတာကို လျန်ဖုံးကေား စဉ်းစားမိလိုက်တယ်

  ဒါနဲ့ ခပ်ပေါ့ပေါ့ ပါးစပ်ဟလိုက်တယ်
" အန်းမု ? အန်းအိမ်က သခင်လေးအကြီး ? သိတာပေါ့ ၊ ဒီနေရာက သူတို့Annအိမ်ရဲ့ စီးပွားတခုပဲ မဟုတ်လား ?"

  လန်ခွန်း ခေါင်းငြိမ့်ကာ
  " မင်းသိတာ မနည်းဘူးပဲ ! မင်းနဲ့ သူက....ဘယ်လိုသိတာလဲ ? "

  " ဒါတော့ မင်းသိဖို့ မလိုတော့ဘူးမလား ? "
အန်းချန် ရှေ့တခေါက်ကပြောထားတဲ့စကားကို လျန်ဖုံးကေားစဉ်းစားမိပြီး အတွေးတခုက ပေါ်လာလေတယ် ၊ သူ လှေကားကိုနင်းပြီး ကန်ဘောင်ပေါ်တက်လိုက်ကာ ရေကန်ဘေးက အဝတ်လဲခန်းရှေ့မှာ မှီထိုင်လိုက်ကာ ရေထဲက လန်ခွန်းကိုရယ်ရင်း လှမ်းပြောတယ်

   " မင်း ငါ့နားကနေ သူ့ရဲ့ အကြောင်းတွေ နှိုက်ချင်တာလား ? မင်း သူ့အပေါ် စိတ်ဝင်စားနေတယ်လို့ ငါကြားတယ် ! ဒါပေမဲ့ ငါ သူ့နဲ့ သိပ်မရင်းနှီးဘူး မကူညီနိုင်ပါဘူးဗျာ "

  " မင်း ဘယ်သူပြောတာ ကြားတာလဲ ? "
လန်ခွန်း မျက်လုံးကို မှေးချလိုက်ကာ သူ အန်းမုအပေါ် စိတ်ဝင်စားတယ်ဆိုလည်း မငြင်းပဲ အတော် ခေါင်းရှုပ်ပုံဖြင့် ပါးစပ်ဟတယ်
  " ငါက သူ့အပေါ် စိတ်ဝင်စားတာဟုတ်တယ် ၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်က သူနဲ့ ချစ်ခဲ့ကြတဲ့ကာလရှိတယ် ၊ ဒါပေမဲ့ အဲ့အချိန်က နှစ်ဖက်လုံး ဟန်လုပ်ကြတာလေ ၊ အစကတည်းက အကျိုးအမြတ်အတွက်ဆိုတော့ အသုံးချသင့်ရင် အသုံးချလိုက်တာပေါ့ ဒါ့ကြောင့် ငါ သူ့အပေါ်ကို ရက်စက်ရဲ့ ကိစ္စတွေ လုပ်ခဲ့ ....."

လူစားထိုး zawgyi font Where stories live. Discover now