045

23 6 0
                                    

  045

        ချိန်ရှီးလန်းက ဆိုဖာလက်ပေါ်ထိုင်ချလိုက်ပြီး ဖုန်းမကိုင်ထားတဲ့ ညာတံတောင်ဆစ်ကို ဆိုဖာအမှီပေါ်တင်လိုက်ပြီး ခြေချိတ်ထိုင်လိုက်ကာ ‌ဆွေးနွေးတော့မဲ့ဟန်ပန်နဲ့ ၊ တောက်ပလှတဲ့အနီရောင်ဆံပင်က ဘားဆိုင်ရဲ့ မီးအလင်းရောင်အောက်မှာ ခပ်ကြမ်းကြမ်း၊ ခမ်းရမ်းရမ်းဖြစ်နေတယ်
  "  မင်းကစူးမျိုးမှန်း ငါကဘာလို့ မသိနိုင်ရတာလဲ ? ပြီးတော့ သူများဖုန်းကို ခိုးနားထောင်တာက ကိုယ်ရေးကိုယ်တာဝင်စွက်ဖက်တာပဲ ၊လိုအပ်ရင် မင်းကို တိုင်လို့ရတယ်နော် ! "

  စူးယီမော့က မျက်မှောင်ကြုတ်ကာ ကုတင်ပေါ်အိပ်နေတဲ့ လျန်ဖုံးကေားကို တချက်ကြည့်လိုက်ပြီး သူ့ရဲ့ဖုန်းကို တံခါးအပြင်ယူသွားပြီး အခန်းတံခါးကို သေချာပိတ်လိုက်ကာ
  " မင်းမှာ ဘာကိစ္စရှိနေလို့လဲ ? "

  သူက လျန်ဖုန်းကေားဖုန်းမှတ်တမ်းထဲမှာ အရမ်းရင်းနှီးစွာ 'အားရှီး'လို့ မှတ်ထားတာကို မြင်တာမို့  ဒီ'အားရှီး'က မနေ့ညက လျန်ဖုံးကေားနဲ့အတူ အရက်သောက်တယ် သောက်တာမှ အတော်မူးအောင်သောက်တယ်ဆိုတာကို ပြောတာမို့  သူက လျန်ဖုန်းကောရဲ့ တကယ့်သူငယ်ချင်းဖြစ်တယ် ။

  ဒါပေမဲ့ ....သူငယ်ချင်းက အိမ်ကို အေးချမ်းစွာရောက်ကြောင်း ‌ဂရုစိုက်တာက ပုံမှန်ပဲ ဒါပေမဲ့ ကိုယ်တည်ရှိနေတာကို သိတာကတော့ ပုံမှန်မဟုတ်တော့ဘူး။

      လျန်ဖုန်းကေားရဲ့ အကျင့်အရဆို ကိုယ်တည်ရှိနေတာကို တဖက်သူကို စပြောပြမှာမဟုတ်ဘူး၊ ဒါဆို ဖြစ်နိုင်ချေက တခုပဲရှိတယ် ---ဒီ အားရှီး ၊ လျန်ဖုန်းကေားကို နောက်ယောင်ခံလိုက်လာခဲ့တယ် ။

  " အမှန်တော့ အရေးကြီးတဲ့ကိစ္စလည်း မရှိပါဘူး "
ချိန်ရှီးလန်က ဒီအတိုင်းရယ်ကာပြောနေပေမဲ့ မျက်လုံးကတော့ စူးရှနေတယ်
  " မင်းက ဖုန်းကေားရဲ့ အလုပ်ရှင်မလား ? ငါ မင်းကို မေးလို့ရမလား ... သူ့ကို ဘာအလုပ်များအပ်နှံထားတာလဲ ? "

 " ဒါကတော့.....မင်းကို ပြောပြဖို့ မလိုဘူးမလား ? "

  " အဲ့လိုလည်း မဟုတ်ပါဘူး ! ငါလည်း ဒီအလုပ်လောကမှာ နာမည်ရတဲ့ body double ပဲလေ ၊ ဖုန်းကေားကို ကူညီနိုင်ရင် ကူညီနိုင်မှာပေါ့ ။ မင်းရဲ့ အပ်နှံတဲ့အလုပ်ကြောင့် သူဒဏ်ရာရတာ ငါသိပြီးသွားပြီ ဒါ့ကြောင့် မင်း အပ်နှံတယ်အလုပ်က အရမ်းပေါ့ပါးတဲ့ ကိစ္စလို့ပြောမယ်ဆိုရင် ပြန်သိမ်းထားလို့ရပြီ "

လူစားထိုး zawgyi font Where stories live. Discover now