Arc 4🗡49🗡ဆေးဥယျာဉ်

Magsimula sa umpisa
                                    

တစ်ဖက်က အဆင့်မြင့် အကြီးအကဲကြီးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ တွင်သာ ရှိပြီး သူသည် မပျံသန်းနိုင်သောကြောင့် လုရွှမ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သတ္တိတွေ ဆုံးရှုံးခဲ့ရရုံတင် မကဘဲ သူ့နှလုံးသားထဲမှာ အလွန်အမင်း ထိတ်လန့်နေမိပြီ။

လုရွှမ်၏ ကျင့်ကြံမှုအ​ခြေခံသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ကို ရောက်ရှိသွားသောကြောင့် သူ့တွင် ဝိညာဥ်စွမ်းအင်ကို အသုံးပြုရန် ကန့်သတ်ချက် မရှိ​​တော့ပေ။ သူသည် စိတ်ဝိညာဉ်စွမ်းအားနဲ့တောင် မဟုတ်ဘဲ အဆင့်၉ ကျင့်ကြံသူကို ဆန့်ကျင် တိုက်ခိုက်နိုင်ပြီလေ။

သစ်ရွက်စိမ်း နှလုံးသား ထွက်လာသည်နှင့် တပြိုင်နက် ဓားတစ်ချောင်းလို အရှိန်အဝါတွေ ပေါ်ထွက်လာ၏။ ဓားအလင်းက ဟိန်းဟောက်နေတဲ့ နဂါးတစ်ကောင်လိုပင်။

နောက်ဆုံး အကြီးအကဲမှာတော့ တုံ့ပြန်ရန် အချိန်ပင် မရှိသဖြင့် အေးခဲပြီး ပေါက်ကွဲသွား​​တော့​သည်။

လုရွှမ် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ကြောက်ရွံ့နေကြတဲ့ မျက်လုံးများကို တွေ့ရလေ၏။ သူ့အကြည့်တွေကို မြင်လိုက်ရတာနဲ့ ခဏလေးတောင် မနေဝံ့​ကြဘဲ တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

ဒီလူက လူသတ်နတ်ဘုရားပဲ!! သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ တောင်မှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး!!

နောက်ဆုံး လှုပ်ရှားလိုက်တဲ့ ဓားစွမ်းရည်ကို မြင်ပြီး လုရွှမ်ကို ပို၍ပင် ကြောက်သွားကြသူ အနည်းစုလည်း ရှိသေးသည်။

မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ အဖွဲ့ဝင်များကို ငုံ့ကြည့်လိုက်သည်။ သူသတ်ချင်တာက သူ့ကိုခြိမ်းခြောက်နေတဲ့ လူတွေကိုပဲ။ ဒီလူတွေက ကြောက်လန့်နေကြပြီမို့ သတ်ပစ်ဖို့အထိ မလိုအပ်တော့ချေ။

အဂ္ဂိရတ်ဆရာအသင်းမှ ထွက်ခွာပြီးနောက် ဆေးဥယျာဉ် ရှိရာသို့ ပျံသန်းလာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Tahanan ng mga kuwento. Tumuklas ngayon