Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ

ابدأ من البداية
                                    

သူအခုလို ကျွန်စစ်တပ်ကို ပြန်လည် ရုတ်သိမ်းသွညးတာက ဆေးဥယျာဉ်နဲ့ သားရဲခန်းမကို မျက်နှာသာ တချို့ပေးလိုက်တာလို့ ဆိုနိုင်လေ၏။

ဒါ​ပေမဲ့ သူက လျိုမိသားစုရဲ့ ဘိုးဘေး​တွေကို​တောင်​ သတ်​ခဲ့တာပဲလေ။ ဒါ​ကြောင့်​ သူဘာလို့ ဒါကို ဂရုစိုက်​​နေရမှာလဲ။

သူ့လက်များကို ဝေ့ယမ်းလိုက်ရင်း အခင်းအကျင်း တံဆိပ်ပြားများ တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း၊ တားမြစ်ဝိညာဥ် အခင်းအကျင်း၊ တောက်ပအလင်း အခင်းအကျင်း စသော အခင်းအကျင်း မျိုးစုံက လျိုမိသားစု၏ အုပ်ချုပ်ခံလူများ ပတ်ပတ်လည်ကို ထိမှန်သွားသည်။

လျိုမိသားစု၏ ခွန်အားသည် ထိုကျွန်များသာဖြစ်သည်။ ဤသခင်များသာ ခေါင်းဖြတ်ခံရပါက ဦးခေါင်းမပါသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေမည် ဖြစ်ပြီး ကျွန်များကလည်း လူကို ကိုက်နိုင်တော့မည် မဟုတ်ပေ။

အခိုးအငွေ့တွေ တဖျပ်ဖျပ် လွင့်ထွက်လာပြီး အရာအားလုံးကို တခဏချင်း ဖုံးလွှမ်းသွားတော့သည်။

ဒြပ်စင်ငါးပါး၏ စွမ်းအားဖြင့် ယင်နှင့် ယန်ချီတို့သည် အခင်းအကျင်း အတွင်း ကူးခတ်နေသော ငါးတွေလို မရေမတွက်နိုင်တဲ့ ထင်ယောင်ထင်မှား ပုံရိပ်​ယောင်များကို သယ်ဆောင်လာ၏။ စွမ်းအင်ဒီရေသည် တဟုန်းဟုန်း တောက်ကာ မီးတောက်များက မိုးခြိမ်းသံတွေလို ထွက်ပေါ်လာသည်။

"ငါမမြင်ရတော့ဘူး...  ဒါက ဘယ်လို အခင်းအကျင်း ပုံစံမျိုးလဲ? မိုးကြိုး!! အား.....!"

"ထူးဆန်းလိုက်တာ ငါ့စိတ်ဝိညာဉ် စွမ်းအားတွေ ပျောက်ကွယ်သွားသလိုပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

"ငါ့ခန္ဓာကိုယ် မလှုပ်နိုင်​တော့ဘူး... ဘာဖြစ်နေတာလဲ?"

....

အခင်းအကျင်း အတွင်း ထိတ်လန့် တုန်လှုပ်သော အသံများဟာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး အော်ဟစ်သံများက မသေခင်အထိ ရုန်းကန်နေသလိုပင်။

ဝိုင်းရံထားသော ကျွန်များသည် စွမ်းအင် အလုံးအရင်းနှင့် ဖုံးလွှမ်းသွားခြင်း ခံရမည်ကို စိုးရိမ်၍ စောစောစီးစီး ဆုတ်ခွာသွားကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)حيث تعيش القصص. اكتشف الآن