Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ

Start from the beginning
                                    

ဒီနေရာက အဆင့်နိမ့် တော်ဝင်အင်ပါယာ မဟုတ်ဘဲ မြို့ထောင်ချီမဟာမိတ် ဖြစ်သည်။ အင်အားကြီးသူတွေ စုဝေးကြရာ နေရာပင်။ သားရဲခန်းမနဲ့ ဆေးဥယျာဥ်က ဝန်းရံထားတဲ့ လူတစ်​ယောက်ကို လျိုမိသားစုက မထိပါးရဲတာ သဘာဝကျသည်။

ဒါပေမဲ့ သူတို့ဖက်ကို ဆက်​ပြီးကူညီ​ပေးပါလို့ ​တောင်းဆိုချင်​ရင်​တော့ မာနမကြီးနေဖို့ လိုပါသေးသည်။

ဖီးနစ်အတောင်ပံများနှင့် ရွှေအရှိန်တို့ရဲ့ အမြန်နှုန်းနဲ့အတူ လုရွှမ်သည် အံဩစရာ ကောင်းလောက်အောင် အလင်းတန်းအဖြစ် ပြေးထွက်သွားကာ လျိုကျန့်ဖုန်းနှင့် အခြားလျိုမိသားစု၏ အကြီးအကဲများထံ ပြေးသွားခဲ့သည်။

လျိုကျန့်ဖုန်းသည် ကောင်းကင်တွင် လွှင့်သူအား သတိပြုမိပြီး သူ့နောက်မှ လိုက်လာတာကို တွေ့ရတော့ အံ့သြမဆုံးနိုင် ဖြစ်သွားသည်။

သူ့အမြင်အရတော့ လုရွှမ်ဟာ စက်ဆုပ်ဖွယ်ကောင်းအောင် ဖုံးကွယ်ထားနိုင်တဲ့ လူရွှင်တော်တစ်ယောက်သာ ဖြစ်ပေမယ့် ယခုတော့ သူ့မှာ ကျောထောက် နောက်ခံရှိတာနဲ့ပဲ ပြောင်ပြောင်မြောက်မြောက် ခုန်ထွက်လာတော့တာပဲ။

ဒီကောင်လေး သူတို့ဘိုးဘေးကို သတ်သွားခဲ့တဲ့အတွက် လျိုမိသားစုအတွက် အလွန်အမင်း အရှက်ကွဲခဲ့ရ၏။ လျိုကျန့်ဖုန်း သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းချုပ်ရင်။

"ကောင်လေး... သားရဲခန်းမနဲ့ ဆေးဥယျာဥ်ကြောင့် ဒီသခင်ကြီးက မင်းအသက်ကို ခဏ ချန်ထားပေးတာ... မင်းက ငါ့နောက်ကိုတောင် လိုက်လာရဲတယ်ဆိုတော့ သေချင်နေတာလား?"

"တစ်ယောက်ယောက်က သေချင်နေပေမယ့်... အဲဒါ ငါတော့ မဟုတ်ဘူး!"

လုရွှမ် ဆို​လိုက်သည်။

လျိုမိသားစု၏ ကျွန်စစ်တပ်သည် ယခုအချိန်တွင် ဝရုန်းသုန်းကား ဖြစ်နေပြီး မောက်မာမှု အနည်းငယ်ရှိ၍ လုရွှမ် ၎င်းတို့ကို လုံးဝဂရုမစိုက်ဘဲ လျိုကျန့်ဖုန်း ဦးဆောင်လာသော လျိုမိသားစု ခေါင်းဆောင်များကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်သည်။

တော်ဝင်အင်ပါယာရဲ့ ပထမနေရာက မိသားစုမှာ ​မျှော်​လင့်​ထားတဲ့ အတိုင်း အုပ်​ချုပ်​သူများကပင် အနည်းဆုံး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်​၈ ဖြစ်​ပြီး လျိုကျန့်ဖုန်း ကိုယ်တိုင်ကလည်း အဆင့်​၉ကို ​ရောက်​ရှိထားသည်​။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now