ချစ်တယ် ...Wat❤️¹²

Start from the beginning
                                    

"ကျတော်ကဘာလို့ဒီကိုရောက်လာတာလဲ"

"မင်းသိရမှာပေါ့ ဒါပေမဲ့ သိအောင်တော့ပြောထားပေးမယ်၊ သူနဲ့မင်းနဲ့ကစပ်ဆက်မှုတွေရှိခဲ့ကြလို့ပေါ့"

"ကျတော်နဲ့၃/၄ခါလောက်‌ပဲတွေ့ဖူးတာပဲ၊သူ့မျက်လုံးကလွဲရင် ကျန်တာကိုတောင်ကျတော်သတိမထားမိခဲ့ဘူး။"

"မင်း...‌‌ အော် အသင်ဒီမှာ ခဏတော့ဆက်နေလှည့်ဦး‌၊ တချိန်အသင်ပြန်ဖို့ ငါကူညီမှာပါ Nattawat"

"ငါဒီမှာ လုံခြုံပါတယ်နော် ကျီးကန်"

"အသင်ငါ့ကို မက်လို့ခေါ်လို့ရတယ်"

"မက်...ရင်းနှီးသလိုပဲ"

"အသင်က ဒီကအရာတွေအကုန်လုံးနဲ့ရင်းနှီးပါတယ်"

"အင်းပါ သူလာနေပြီ ခြေသံကြားတယ်"

"အသင်တို့အချစ်ကနက်ရှိုင်းလွန်းလှပါတယ် အသင်"

"ဟင်"

မီးခိုးတို့နှင့်အတူ ‌ကိုရွှေကျီးကန်းလည်းပျောက်သွားတယ်။

တကယ်တော့ Norawitက အခုမှလှေကားတက်နေတာပါ သူတို့ကတစ်ယောက်ရဲ့ အငွေ့အသက်ကို အလှမ်းအ‌ဝေးကနေတောင်ရနေကြပြီ ဖြစ်သည်။

၄မိနစ်လောက်အကြာ...

"Watသူတို့လာတော့မယ်နော် သိလား မင်းအဆင်မှပြေရဲ့လား Wat"

"ငါပြေပါတယ်၊ မင်းလဲနားတော့လေ ငါထပေးမယ်"

"မင်းလှဲပါ ငါဟိုမှာသွားထိုင်လိုက်မယ်"

ကုတင်ဘေးက သစ်သားခုံကို လှမ်းညွှန်ပြသည်။ ပင်ပန်းနေချိန် အဲ့ ခုံမှာထိုင်လို့ အညောင်းပြေမယ်မထင်...ခါးတောင်‌နာဦးမည်။

"လာပါ ကုတင်ကကျယ်သားပဲ၊ မင်းလဲ၀င်လှဲလို့ရပါတယ်ကွ"

"မင်းကငါ့ကိုတူတူလှဲခိုင်းတာလား?မင်းကလေ??"

"အင်းလေ ငါမနူသွားရင်ပြီးရော"

"အာ ငါရေချိုးလိုက်ဦးမယ်၊ ငါနဲနဲနုန်းနေလို့"

"အော် အေးရတယ်လေ ချိုး...ငါတော့ခဏနေမှချိုးတော့မယ်"

"Wat...မင်းဘယ်လိုပြန်ထလာတာလဲ"

"ဟမ် ငါက..ငါမျောနေရုံပါပဲ"

"မျောနေတဲ့သူက ပုတ်နံ့မထွက်တာငါသိတယ် Wat"

Married To The Death ManWhere stories live. Discover now