အတန်းသားများအားလုံး ဤတစ်ချက်ကိုသိထားကြပြီး မဟုတ်ပါကလည်း မိန်းက​လေးအတန်း​​ခေါင်း​ဆောင်ဟာ သတင်းတစ်ခုခုထွက်လာတိုင်း အမှန်တရားကို ရှင်းပြ​​ပေး​နေမည်မဟုတ်။ အဘယ်​ကြောင့်ဆို​သော် ချန်လုကျိုး ဤလူ၏ပြတ်သားမှုကြီးမှာ ​ကောလဟလသတင်းတစ်ခု နားထဲ​ရောက်လာသည်နှင့် ထိုမိန်းက​လေးနှင့်ခပ်ကင်းကင်းကို​ရှောင်ပစ်လိုက်ခြင်း​ကြောင့်။

ထို့​ကြောင့် ဖက်တီး​လေးသည်လည်း ချန်လုကျိုး၏​ကောလဟလသတင်းပျံ့နှုန်းဟာ အာကာသထဲဒုံးပျလွှတ်သည့်အရှိန်နှုန်းနှင့်ပင်တူညီမှန်း ကျင့်သားရ​နေပြီဖြစ်၍ သတိ​ပေးစကားဆိုလိုက်ခြင်းဖြစ်သည်။

ချန်လုကျိုးတစ်​ယောက်က 'အင်း'ဟုသာအသံပြုပြီး ရွှီကျစ်ထံသို့ Wechat မက်​ဆေ့ပို့ရင်း ​ခေါင်းငုံ့လျက်စကားဆိုလာသည်။

"​အဲ့​တော့?...."

Cr : [ မလာ​သေးဘူးလား ၊ လူ​တွေအားလုံးသွားပြီ​လေ ]

ဖက်တီး​လေးက ​လေးဘက်​လေးလံလုံး​ဝေ့ကြည့်ပြီး ရွှီကျစ်၏အရိပ်အ​ယောင်ကိုမ​တွေ့မှသာ ချန်လုကျိုးနားသို့ကပ်၍ ခပ်တိုးတိုးဆိုလိုက်သည်။

"မင်းက အခုမှ​ရောက်တာဆို​တော့ မ​တွေ့လိုက်ရသေးဘူး​နေမှာ ၊ '​ရွေ့​ကျွင်း'​ကျောင်းက ​ကောင်မ​လေး​လေ.....ရုပ်​လေးက ငါတို့အနုပညာအတန်းကမိန်းက​လေးနီးပါးကို အရမ်းလှတာ ၊ ခါး​လေးကလည်း​သေး​သေး​လေး ၊ ​ခြေ​​ထောက်​လေး​တွေလည်း ရှည်ရှည်သွယ်သွယ်​လေး​တွေ ၊ ပြီး​တော့ ရင်ဘတ်ကလည်းကြီး"

"မင်း သူ့ကိုလိုက်ကြည့်​နေတာ​ပေါ့ ဟုတ်လား"

"နှစ်....နှစ်ခါပဲကြည့်တာပါကွာ"

ဖက်တီး​လေးက တကျစ်ကျစ်စုတ်သပ်လိုက်ရင်း အဓိပ္ပါယ်မျိုးစုံ​သောအကြည့်တို့ဖြင့် ;

"အရမ်းလှလွန်းလို့ အ​သေးစိတ်​တောင်မကြည့်ရဲ....."

စကားသံ မဆုံးလိုက်ရခင်ပင် နှစ်စက္ကန့်မျှမကြာလိုက်သည့်အချိန်​လေးအတွင်း ၊ လူတစ်​ယောက်လုံးက တုန်ခါသွားရသည်နှင့်အတူ ထိုင်ခုံ​ရောလူပါ မီတာဝက်မျှအထိ လွှင့်သွားခဲ့​ချေ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now