ပုလင်းကို နှုတ်ခမ်းနား တေ့ရုံရှိသေး လက်ထဲက ပုလင်းက ရုတ်တရက် ဆွဲလုခံလိုက်ရသည်...
"တော်တော့ Kris... ဘာလို့ အဲ့လောက်တောင်သောက်နေရတာလဲ..."
ဘေးနားရှိခုံမှာ ထိုင်နေသောကလေးငယ်က Krisဆီက ယူထားသော ပုလင်းကို စားပွဲပေါ်သို့ အသံမြည်အောင် တင်လိုက်သည်...
"ကလေးငယ်... ကလေးငယ် ဟုတ်ပါတယ်နော်..."
"ဘာလဲ မမြင်တာကြာတော့ မမှတ်မိတော့တာလား ဒါမှမဟုတ် မေ့သွားတာလား..."
သေသေချာချာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသော အသံကြောင့် ဘေးနားက ကလေးငယ်ကို Kris ကြည့်လိုက်မိသည်...
Krisကို ငေးကြည့်နေသော ကလေးငယ်ကို ဘာမှစဥ်းစားမနေတော့ဘဲ Krisဆွဲယူဖက်လိုက်မိတော့သည်...
"Kris!..."
"လွမ်းနေတာ ကလေးငယ်ရယ်... အရမ်းကို လွမ်းနေခဲ့တာ..."
ကလေးငယ်သာ ကြားရလောက်တဲ့ အသံဖြင့် Krisပြောမိ၏...
Kris အချိန်အတော်ကြာအောင် ကလေးငယ်ကို ဖက်ထားမိသည်...
"Kris လွှတ်ပါဦး ကျွန်တော် အသက်ရှူကြပ်လာပြီ..."
Krisကို အသာတွန်းထုတ်နေတဲ့ ကလေးငယ်ကြောင့် Krisလည်း ဖက်ထားသည်ကို လွှတ်ပေးလိုက်သည်...
"ကလေးငယ် ဘယ်တုန်းက ပြန်ရောက်တာလဲ..."
လွှတ်ပေးလိုက်ပြီးနောက် ကလေးငယ်၏ လက်တို့ကို Kris၏ လက်ဖြင့် ဆုပ်ကိုင်ထားရင်း ကလေးငယ်ကို လွမ်းလွမ်းဆွေးဆွေး ငေးကာ မေးမိ၏...
"ပြန်ရောက်ရအောင် ကျွန်တော်က ဘယ်သွားနေလို့လဲ..."
ခပ်တည်တည်နဲ့ မေးလာတဲ့ မေးခွန်းကြောင့် Kris နားမလည်နိုင်စွာ ကြောင်အ သွားမိသည်...
"ကလေးငယ်က ခရီးထွက်သွားတာလေ မဟုတ်ဘူးလား..."
"ကျွန်တော် ဘယ်ခရီးမှ မသွားပါဘူး Krisရဲ့..."
ကလေးငယ်က ကျွန်တော့်ကို ကြည့်ကာ ပြုံးရင်းပြောလာသည်...
"ကျွန်တော်က တစ်ချိန်လုံး ဒီအိမ်မှာပဲရှိနေတာ... Krisကလွဲလို့ အားလုံးသိတယ်..."
Ep 30 (final)
Start from the beginning