အပိုင်း (၁၆)

Start from the beginning
                                    

.
.
.
.
.

"သာဒင် အဲ ပဲတွေ ဒီအိတ်ထဲ ပေါင်းထည့်လိုက် ဘယ်လောက်လဲ"

" ၃တင်း "

စာအုပ်နဲ့ ဘောပင်ကိုင်ပြီး အလုပ်တူတူ လုပ်ခဲ့ရသူများကို ပြန်ခိုင်းနေရသည်ကို  အသားကျအောင် ရန်ဘုန်းအောင် အချိန်ယူခဲ့ရသည်။ အလုပ်သမားချင်းတူတူ နေ့ချင်း စာရင်းကိုင် ဖြစ်သွားသည့်အပေါ် မနာလိုသူများရှိသည်။ မျက်နှာပေါ်တွင်သာ ပြုံးနေကျပေမယ့်လည်း စိတ်ထဲက ပါသည့်သူမှာ ရှားလှသည်။ တချို့ကလည်း ပေါ်တင် တမျိုးကွယ်ရာတစ်မျိုးပြောကြသည်။ "နောက်မှပေါက်တဲ့ ရွှေကြာပေါ့" ဆိုသည့် သရော်စကားများလည်းကြားရသည်။

ရန်ဘုန်းအောင်တို့က ဂရုမစိုက်ပါ ပိုက်ဆံရဖို့သာ အဓိကဖြစ်သည်။
ယခင်ကစိတ်နှင့်ဆို အပြောနှင့် မဆို မျက်လုံးဖြင့် စွေကြည့်လျှင်ပင် မကြိုက်။ ယခုအချိန်တွင်တော့ သူသည် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည်။ အရာရာတွင် ဒေါသစိတ်ကိုချုပ်ထိန်းထားရသည်မှာ သူ့ပုံစံ မဟုတ်ပါ။

" အဲတာကို ဟိုကားပေါ်တင်လိုက် "

" အေးအေး "

" သေချာတက်ဦး လျောကြဦးမယ် "

" ကိုကျော်စိုး ကားမောင်းမယ့် အောင်လ ရောက်ပြီလား "

" မရောက်သေးဘူး "

စာရင်းစာအုပ်လေး ကိုင်ရတာ သက်သာမည်ထင်ရသော်လည်း
ပွဲရုံ တစ်ခုလုံးက ကိစ္စ ကြီးငယ်မှန်သမျှက သူ့ခေါင်းပေါ်စုပုံကျလာသည်။

ခုလို ကားသမား မလာအစက ပူနေရသည်။ ပိုက်ဆံကိစ္စ အလုပ်သမားကိစ္စ အစစအရာရာ ရန်ဘုန်းအောင်တာဝန်ဖြစ်လာသည်။ စာရင်းဇယား အမှားမပါအောင်လည်း သေချာလုပ်ရသည်။
တခြားအလုပ်သမားများထက် ပိုက်ဆံပိုရသော်လည်း တခြားသူများထက် ခေါင်းပိုစားရသည်။

" ဒီရွာကဘဲ မလား တစ်ယောက်ယောက်ကို သွားခေါ်လိုက်ဦးလေဗျာ ဒီအချိန်မှ မသွားရင် ပြန်ရင် နောက်ကျမှာ လမ်းခရီးက ကောင်းတာမဟုတ်ဘူး "

" အေးအေး ငါသွားခေါ်လိုက်ပါမယ်ကွာ "

ကိုကျော်စိုးက ပုဆိုးတိုတိုဖြင့် ခပ်သုတ်သုတ်ထွက်သွားသည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now