P-24(one)

5.7K 270 18
                                    



*uni*







ကုကိုပေး ဇွန်း

ဘာလုပ်မလို့လဲ

ကု ခွံ့တိုက်မယ်လေ

ဟာ ငါကလေးမဟုတ်ဘူး

ကိုကိုက လက်နာနေတာလေ ကု ခွံ့ပေးမယ်

ဆိုကာ ဇွန်းကိုဆွဲယူသွားတဲ့ကောင်လေး

ဟူးးးးးဟူးးးးးဟူးးးးး ကိုကို ဟ အာ............

ပြီး ပြီးရောကွာ ဟ ပြီ

ပူလား ကိုကို

မပူဘူး ဒီလောက်တော့ခံနိုင်တယ်။

တစ်ဇွန်းချင်းစီကိုစိတ်ရှည်ရှည်နဲ့မှုတ်ပြီးကုန်တဲ့အထိခွံ့တဲ့ကောင်လေးပါလေ..

တော်ပြီ  ဝပြီ ဂျောင်ဂု

ဒါဆို ကု ပန်းကန်ထားပြီးဆေးသောက်ဖို့ရေယူခဲ့မယ်နော်

အကုန်လိုက်လုပ်ပေးချင်နေတဲ့ဂျောင်ဂုကြောင့်ထယ်ယောင်းမငြင်းတော့ပေ

____________________________________

အခုတလောပုံမှန်သောက်နေကျဆေးကောသောက်ရဲ့လား သောက်တာလည်းမတွေ့ဘူးကော ဂျောင်ဂု

အာ ဟို ကု သောက်ပါတယ် ကိုကို

ဟုတ်လို့လား ကိုကို့ကို မလိမ်နဲ့နော်ဂျောင်ဂု

အင်ဟင့် ကု ဆေးမသောက်ဖြစ်တာတစ်ပတ်ကျော်ပြီ

ဘာလို့မသောက်တာလဲ ရောဂါဖောက်လာရင်ကော

ကု အဲ့ဆေးတွေမသောက်ချင်လို့ပါ ကိုကို အဲ့ဆေးတွေသောက်ရင်ကုနေလို့မကောင်းဘူး

ဒီကောင်လေးဆေးမသောက်ချင်လို့မုသားဆိုတယ်လို့သုသူထင်လိုက်သည်။တစ်ကယ်တမ်းဂျောင်ဂုခံစားရတာတွေကအမှန်တွေမှန်းသူမသိလိုက်ပါ။

တစ်ခုခုဖြစ်ခဲ့ရင် အရင်လိုပြုစုပေးမဲ့ ommaမရှိတော့ဘူးနော်ဂျောင်ဂု။ကိုယ့်ကိုကိုယ်အတတ်နိုင်ဆုံးစောင့်ရှောက်ရမယ်။ကိုကိုကလည်း ဂျောင်ဂုကိုအချိန်ပြည့်လိုက်ကြည့်ပေးနိုင်မှာမဟုတ်ဘူး  ကိုကိုပြောတာနားလည်လား

သူပြောတာကို မျက်နှာချင်းဆိုင်မှာထိုင်ကာ အင်္ကျီစလေးကိုချေဖွရင်းအောက်ကိုခေါင်းစိုက်ထားကာပြန်ဖြေသည်။

Step BrotherWhere stories live. Discover now