P-34

4K 211 43
                                    





*uni*





ဟက်ချိုး! ကိုကို ကုနဲ့ ဒီဝတ်စုံလိုက်ရဲ့လားဟင်

ကဲ ဆရာသမား မှန်ရှေ့ရှိုးထုတ်နေတာကြာပီနော် မြန်မြန်လာဆေးသောက်တော့

ဟီး လာပြီ ကိုကို ဟက်ချိုး!

ဆေးသောက်ထားနော် ကိုကို ဂိုဒေါင်ထဲကနေကားသွားထုတ်ခဲ့မယ်

ကိုကိုမရှိတာကြောင့်ထုံးစံအတိုင်းဆေးကိုပစ်လိုက်ကာရေကိုသောက်ချလိုက်သည်။

ပြီးတာနဲ့ အိမ်ရှေ့ကားထုတ်နေတဲ့ကိုကိုဆီတန်းနေအောင်ထွက်လာလိုက်သည်။

အရင်စီးနေကျကားမဟုတ်ဘဲ နောက်တစ်စီးကိုပြောင်းထုတ်ထားကာကားကိုလက်ပိုက်မှီရင်းစောင့်နေသည့်ကိုကိုကဝတ်ထားသည့် suitနှင့်အလွန်ကိုလိုက်ဖက်လွန်းလှသည်။

ကဲ ဂျောင်ဂု ကိုကို့ကို ဘယ်လောက်တောင်ကြည့်နေမှာလဲ

ဟီး ကိုကို ဒီနေ့အရမ်းချောနေတယ်

သူချောကြောင်းကိုယုန်သွားတွေပေါ်အောင်ထိပြောပြနေတဲ့ကောင်လေးကတကယ့်ချစ်မွေးလေးပါလေ

ကိုကိုက နေ့တိုင်းချောတာမဟုတ်ဘူးလား

ဒီနေ့ပိုချောနေတယ် ဟို ဇာတ်ကားထဲကလိုလေ company ဥက္ကဋ္ဌကြီးနဲ့တူတယ်

CEOတောင်မဟုတ်ဘူး Company ဥက္ကဋ္ဌကြီးတဲ့လား

ဟီးဟီးဟုတ်တယ် ကိုကို

ဒါဆို ကိုကို ဥက္ကဋ္ဌကြီးဖြစ်အောင်ကြိုးစားတော့မယ် ခုတော့ ကားပေါ်တက်တော့

~မနက်အိပ်ရာထထဲက Chirstmasရောက်ပြီဆိုကာပျော်မြူးနေတဲ့ကောင်လေး အခုလည်းဂျီမင်းအိမ်သွားဖို့အရေးကိုမှန်ရှေ့မှာအကြာကြီးရှိုးထုတ်နေလို့ပြောယူရတဲ့အဖြစ်~

ကိုကိုဒီနေ့နှင်းသိပ်မကျဘူးနော်

ကားမှန်ထဲမှအပြင်ကိုစူးစမ်းကာစကားဆိုလာသည်။

ညကကျပြီးပြီ အခုမှ တိတ်သွားတာ

ညကျရင် ပြန်ကျလာရင်ကော ကု တို့ခြံထဲမှာအသားကင်စားကျမှာမလား

ကျရင်လည်း ကိုကို တဲထိုးပေးမယ် စိတ်မပူနဲ့

ဟုတ်ကဲ့ ကိုကို

Step Brother (COMPLETED)Where stories live. Discover now