*P-20*

9.4K 314 28
                                    

*uni*




မင်းကြောင့် ငါချိန်းထားတာဖျက်လိုက်ရတာနော်ဂျောင်ဂု!

ဟုတ် ကိုကို

ဘာ! ဟုတ် ကိုကိုလည်း

(ဂျောင်ဂု အကို mingyuမှာထားတာကြောင့်ထယ်ယောင်းကိုတစ်ယောက်ထဲမလွှတ်လိုက်ပေကိုကိုသူ့ကိုဆူမယ်မှန်းသိပေမဲ့မနည်းမျက်ရည်တွေထုတ်ပြလိုက်ရသည်)(အမှန်ဆိုသူလည်းကိုကို့ကိုမမမင်ဆောအာဆီမသွားခိုင်းစေချင်ပါ၊ကိုကို့ကိုမမဆောအာနဲ့တွဲမြင်ရတာမျိုးသူ မနှစ်မြို့ပါ)ဒါကို ကိုကိုတော့သိမည်မဟုတ်ပါ။

____________________________________

တစ်ဖက်တွင်လည်း

ချစ် မျက်နှာမကောင်းပါလား နေလို့မကောင်းဘူးလား

နေလို့ကောင်းပါတယ် အကို စိတ်တွေလေးနေလို့ပါ

ပွဲကြောင့် ပင်ပန်းသွားတာထင်တယ် ဟိုရောက်ရင်အဝနားနော်

မပင်ပန်းပါဘူး အကိုရယ် ဒါနဲ့ သားငယ်တို့ကော

အနောက်မှာ ကားနဲ့လိုက်လာတယ်

*Minaဘာလို့မှန်းမသိ ဒီနေ့ပွဲပြီးကတည်းကစိတ်တွေလေးနေတာ ပင်ပန်းလို့လားဆိိုတော့လည်းမဟုတ်ပြန်*

ကို သားထယ်နဲ့စကားပြောပြီးပြီလား

ပွဲမှာတုံးကတော့ နည်းနည်းပါးပါးတော့ပြောဖြစ်ခဲ့တယ်
အရင်ကထက်ပိုအဆင်ပြေလာပါပြီ ဆိုးလ်ရောက်မှာကောင်းကောင်းစကားခေါ်ပြောပြီးရှင်းပြရမယ်။

သားထယ်က သိတတ်ပါတယ် နားလည်ပေးမှာပါ အကိုသာ သားထယ်နားဝင်အောင်ချော့ပြောနော်

ဟုတ်ပါပြီ ချစ်ရယ် ကိုသိပါတယ်

___________________________________

ထယ် ကားမောင်းနေရင်း ပွဲမှာသူ့အပါးနဲ့စကားပြောခဲ့တာလေးတွေကိုပြန်စဥ်းစားနေမိသည်။

တကယ်တော့ပြောချင်တဲ့စကားတွေအများကြီးရှိနေခဲ့တာပွဲမှာဖြစ်တာကြောင့်သူဆိုးလ်ရောက်မှပဲအပါးနဲ့သေချာစကားပြောပြီးအရင်ကကိစ္စတွေကိုပြန်တောင်းပန်ဖို့တာလုပ်လိုက်ရသည်။ပါးနဲ့ပြန်အဆင်ပြေတော့မဲ့အကြောင်းလေးသူတွေးမိတော့ပြုံးမိသွားသည်။

Step Brother (COMPLETED)Where stories live. Discover now