P-39

4K 226 55
                                    






*uni*









မနက်အိပ်ယာနိုးလာတော့ ဘေးမှာ ကိုကိုကရှိမနေတော့ပါ။ပြတင်းပေါက်ကိုကြည့်လိုက်တော့လည်း ပွင့်ရက်လေးမလို့ ကိုကိုပြန်သွားပြီဆိုတာအတတ်သိလိုက်သည်။

အိပ်ယာပေါ်ကကောက်ထိုင်လိုက်တော့ အခါတိုင်းလိုလန်းလန်းဆန်းဆန်းရှိမနေ။မျက်နှာသစ်ဖို့ထမယ်အလုပ် မိုက်ခနဲမူးလာတဲ့ခေါင်းကြောင့်ပြန်အိပ်ယာပေါ်ထိုင်ချလိုက်ရသည်။သူ့ဗိုက်ထဲမှာသေးသေးလေးရှိနေပြီဆိုတာပြန်စဥ်းစားမိတော့ ပြုံးယောင်သန်းသွားပြီး ကိုကိုကလည်းအနားမှာရှိမနေဘူးဆိုတာသိရတော့သက်ပြင်းအကြီးကြီးချမိသည်။

အခါတိုင်းအိပ်ယာထရင် ကိုကို့မျက်နှာကိုအရင်မြင်ရတာအခုတော့မမြင်ရတာကြောင့်လွမ်းစိတ်တွေကထိန်းချုပ်မရ။

အီရန်လေး....

ဟုတ် ကိုကြီး

နိုးနေပြီလား

ဟုတ် ကိုကြီး အငယ်လေးခေါင်းမူးလာလို့

ကိုကြီး မျက်နှာသစ်ပေးမယ်လေ

ရတယ် ကိုကြီး ကို့ဘာသာသစ်မယ်

ရတယ်ပြောတာတောင်ရေချိုးခန်းထဲတွဲခေါ်သွားကာအတင်းသစ်ပေးတဲ့ကိုကြီးပါလေ

အခုချိန်ကစပြီး ကောင်းကောင်းဂရုစိုက်ရမယ်နော် အငယ်လေး ဗိုက်ထဲမှာပေါက်စလေးရှိနေပြီ သိလား

အငယ်လေးဂရုစိုက်ပါ့မယ် ကိုကြီး

ကိုကြီးကသူ့ကိုဘေစင်ပေါ်ထိုင်စေကာ မျက်နှာလေးကိုရေစွတ်ပြီးဆပ်ပြာအမြုပ်လေးတွေနဲ့သေချာတိုက်ပေးနေသည်။

နဂိုထဲက ကိုကို့ကို လွမ်းနေတဲ့စိတ်ကြောင့်ငိုချင်နေတဲ့ဂျောင်ဂုက မနက်တိုင်းကိုကိုမျက်နှာသစ်ပေးတာလေးကိုသတိရပြီးမျက်ရည်ကျလာသည်။

ဟင် အငယ်လေး ဘာလို့မျက်ရည်ကျနေတာလဲ

ဟို မျက်လုံးထဲဆပ်ပြာဝင်သွားလို့ကိုကြီး စပ်နေပြီ ရေနဲ့မြန်မြန်သုတ်ပေးပါ

မနက်စောစောအငယ်လေးတစ်ယောက်မုသားဆိုမိပြန်သည်။

အခုအဆင်ပြေရဲ့လား အငယ်လေး

Step Brother (COMPLETED)Where stories live. Discover now