P-13

8.3K 384 25
                                    

*Uni*



ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ Mingyuနဲ့ဂျောင်ဂုကိုတွေ့လိုက်သည်။

မြင်မြင်ချင်းဒေါသကငယ်ထိပ်ရောက်လာတာမလို့ဂျောင်ဂုကိုသွားဆွဲခေါ်လိုက်ချင်ပေမဲ့သူတို့နှစ်ယောက်ဘာဆက်လုပ်မလဲသိချင်တာကြောင့်စောင့်ကြည့်နေသည်။

ကဲ ကောင်လေး ရောက်ပြီ

ကျေးဇူးပါနော် အကိုMingyu

ရတယ် ကောင်လေး အိမ်ထဲဝင်တော့ အပြင်မှာမှောင်နေပြီ

ဟုတ် (ဆိုပြီး helmetကိုချွတ်နေသည် )

Mingyuမှာဦးထုပ်ကိုအခက်တွေ့စွာချွတ်နေတဲ့ကောင်လေးကိုကြည််ပြီးပြုံးမိသည်။

လာခဲ့ ကို ချွတ်ပေးမယ်။

လုပ်ပေးပါအုံး ဒီဟာကြီးကဖြုတ်လို့လည်းရဘူး။

ဟဟ လာ အနားတိုးခဲ့

အနားကပ်သွားတာကြောင့်အိမ်ထဲကကြည့်လျှင်နမ်းနေသည့်ပုံစံအနေအထားပေါ်နေတာကြောင့်ထယ်ယောင်းရဲ့မျက်ခုံးနှစ်ဖက်ကအဆုံးထိ ထိစပ်သွားသည်။

ရပြီ ကောင်လေး

ဒါဆို ကုသွားပြီနော် အကို ကျေးဇူးတင်ပါတယ် အိမ်ပြန်ပို့ပေးလို့ (ဆိုပြီးခါးကို90°ကိုင်းညွှတ်လိုက်သည်)

Mingyuဒီကောင်လေးရဲ့အပြုအမူလေးတွေကိုတကယ်သဘောကျတာအမှန်ပင်။ကောင်လေးရဲ့အပြုအမူသေးသေးလေးတွေကသူ့ကိုပြုံးရီနိုင်အောင်တကယ်စွမ်းဆောင်ပေးနိုင်တယ်။

ဟုတ်ပါပြီဗျာ.......ကိုသွားပြီနော် အိမ်ထဲဝင်တော့

________________________________________

ဂျောင်ဂု အိမ်ထဲကို ခပ်သွက်သွက်လေးဝင်လာပြီးတံခါးဆွဲဖွင့်လိုက်တော့....

အ့  ဟင် ကိုကို

တံခါးကိိုအားနဲ့ဆွဲဖွင့်လိုက်တာကြောင့်ဘယ်အချိန်ထဲကတံခါးပေါက်ရှေ့ရောက်နေမှန်းမသိတဲ့ကိုကိုရဲ့ရင်ဘက်ကြီးနဲ့တိုက်မိပြန်သည်။ဒီနေ့နဲ့ဆိုနှစ်ခါရှိပြီတိုက်မိတာ....

အိမ်ထဲဝင်....(တည်ငြိမ်အေးစက်နေတဲ့လေသံနဲ့ပြောလာတာကြောင့်ဂျောင်ဂုကြက်သီးပင်ထလာရသည်)

Step Brother (COMPLETED)Where stories live. Discover now