P-27

6.1K 276 83
                                    



*uni*





ထယ်ယောင်း hyungကိုအမှန်တိုင်းပြောပါ။hyungတို့အပေါ်ဘာတွေဖုံးကွယ်ထားတာရှိလဲ~

ဗျာ ကျွန်တော်ကလား..

_______________________________

ထယ်ယောင်းကျောင်းရောက်တော့ yoongiရဲ့ messageတစ်ခုကိုရခဲ့တယ်။

ဂျောင်ဂု~

ဟုတ် ကိုကို

ကိုကို အခုအရေးကြီးသွားစရာပေါ်လာတယ်။

ဟင် အခုချက်ချင်းလား

ဟုတ်တယ် အခုသွားရမှာမလို့ ကိုကိုမနက်ပိုင်းအတန်းတက်နိုင်မှာမဟုတ်ဘူး ညနေပိုင်းတော့အရောက်ပြန်လာမယ်

ကိုကို မသွားလို့မရဘူးလားဟင်

Appaအမှုနဲ့ပတ်သတ်တဲ့ကိစ္စလို့ မသွားလို့မရတဲ့အခြေအနေမလို့ဒီကောင်လေးကိုစိတ်မချလဲထားခဲ့ဖို့ကြံရပြန်သည်။

လိမ္မာတယ်လေ ဂျောင်ဂု ကိုကိုမြန်မြန်ပြန်လာခဲ့မယ်

ဟုတ် မြန်မြန်ပြန်လာခဲ့ပါနော် ကု ကိုကိုမပါဘဲကျောင်းကွင်းထဲဝင်ရမှာကြောက်တယ်။ ပြီးတော့ ဘယ်သူမှ ကု ကိုလေ စကားမပြောချင်ကျဘူး။

တကယ်တော့ထယ်ယောင်းရဲ့အရှိန်အဝါတွေကိုကြောက်လွန်းလို့သူ့အနားမကပ်ရဲတာကို သူ့ကိုပယ်ထားတယ်ထင်ပြီးဝမ်းနည်းနေတဲ့ကောင်လေးပင်

ဘာမှမကြောက်နဲ့ အတန်းထဲကိုသာဝင်ပြီး အခန်းထဲမှာပဲနေ ဂျောင်ဂု

ဟုတ် မြန်မြန်လာခဲ့ပါနော် ကိုကို

ကိုကိုသွားပြီနော် ချမ်းတယ် ဒါလေးပတ်ထား

ဆိုကာ သူ့အိတ်ထဲက မာဖလာလေးကိုထုတ်ကာဂျောင်ဂုကိုပတ်ပေးသည်။

ဂျောင်ဂုကျောင်းထဲဝင်တဲ့အထိကားပေါ်ကနေမျက်တောင်တစ်ချက်မှမခတ်ဘဲလိုက်ကြည့်နေသည့်ထယ်ယောင်း။ကျောင်းဝန်းထဲရောက်တော့ဖုန်းဖွင့်ကာ ဂျီမင်းကို ဂျောင်ဂုကိုစောင့်ရှောက်ပေးဖို့ messageပို့ကာယွန်းဂီ hyungနဲ့တွေ့မဲ့နေရာကိုထွက်လာခဲ့လိုက်သည်။

____________________________________

Hyung  ဘာထူးခြားချက်တွေ့ထားလို့လဲ

Step Brother (COMPLETED)Where stories live. Discover now