P-30(one)

4.6K 240 32
                                    




*uni*




တောက်စ်*  ဒါလေးတောင်စောက်သုံးကျအောင်မလုပ်နိုင်ဘူးလားမင်းတို့ ပိုက်ဆံပေးပြီးခိုင်းထားတာကွ!  တန်အောင်လုပ်ပေးရမှာပေါ့!

အခုဘယ်လိုလုပ်မလဲ cctvမှတ်တမ်းတွေကသူတို့အကုန်ရသွားပြီ!မင်းတို့ကိုအစထဲကဂရုစိုက်လုပ်ဖို့ပြောတယ်မလား!မင်းတို့နေနေတာကိုးရီးယားနိုင်ငံကွ! ဘယ်လောက်တောင်နည်းပညာတွေတိုးတက်နေလဲဆိုတာကောသိလား! အစအနလေးသေးသေးကျန်ရင်တောင်စက္ကန့်ပိုင်းအတွင်းအကုန်ရှာလို့ရတယ်

ကျစ်*  ငါဒီအပတ်ထဲ ကိုးရီးယားကိုအရောက်ပြန်လာမယ် အဲ့အချိန်ထိခြေငြိမ်ထားကျ ဘာအမှားမှမလုပ်မိစေနဲ့

ပြည်ပရောက်နေတုံး လက်အောက်ငယ်သားထဲတစ်ယောက်ကစက်ရုံပျက်ဘက်ကိုလာစစ်ဆေးတဲ့လူတွေရှိတယ်ဆိိုပြီးသတင်းလာပို့တာကြောင့် Mingyuအဖေ ဒေါသထွက်လည်းထွက်သလို စိုးရိမ်စိတ်တွေကလည်းတိုးလာရသည်။

___________________________________

ဂျောင်ဂုရေ!  ကြာနေပြီနော်!

ရေချိုးမယ်ဆိုပြီးဝင်သွားတဲ့ ဂျောင်ဂုကိုထယ်ယောင်း အောက်ထပ်ကနေပန်းကန်ဆေးရင်းလှမ်းအော်နေသည်။

လာပါပြီ! ကိုကို အဝတ်လှဲနေလို့ပါ

ပြောရင်းဆိုရင်းလှေကားပေါ်ကနေ တဒုန်းဒုန်းနဲ့ပြေးဆင်းလာတဲ့
ဂျောင်ဂု

ကျစ်* ကင်မ်ဂျောင်ဂုတို့က စကားနားမထောင်ဘူးပဲ

အ့!  ကိုကို

ပြောရင်းဆိုရင်း အော်သံကြောင့် ထယ်ယောင်းသိလိုက်ပြီ  ဒီကလေးချော်ကျပြီဆိုတာကို

ဘာမှတွေးမနေတော့ဘဲ ဆေးလက်စပန်းကန်တွေအကုန်ချကာလှေကားဆီပြေးတော့သည်

ဂျောင်ဂုလှေကားပေါ်ကာပြေးဆင်းလာတုံး မှိက်ခနဲမူးလာတဲ့ခေါင်းကြောင့်ခြေချော်ကာပြုတ်ကျသွားသည်။

ကိုကိုဘယ်နှခါပြောရမလဲ ပြေးမဆင်းဖို့ကို ဟမ်!

အော်သံအဆုံး ကိုကိုကသူ့ဆီကိုတန်းနေအောင်ပြေးလာသည်။

Step Brother (COMPLETED)Where stories live. Discover now