P-29

4.9K 242 106
                                    



*uni*


ယွန်းဂီအတွေးတွေစုကာအဖြေရှာနေတုံးသူရလိုက်တာက ဟုတ်တယ် land of kim ရဲ့အမှတ်တံဆိပ်....

ထိုအချိန်  တီ....တီ....တီ..

အဖြေရခါနီး ဖုန်းမြည်သံကြောင့်ကောက်ကိုင်လိုက်တော့သူ့အသဲအသက်လေးဖြစ်နေသည်။

အသဲအသက်လေးဖြစ်နေတာကြောင့်လုပ်လက်စအလုပ်တွေအကုန်ပစ်ကာဖုန်းထဲတီတီတာတာပြောဖို့ယွန်းဂီအိပ်ရာပေါ်တန်းနေအောင်တက်သွားသည်။

_________________________________________

ထယ်ယောင်းထိုအလုပ်ခန်းထဲအကြာကြီးအတွေးတွေနဲ့အချိန်ကုန်နေမိသည်။

အတွေးလွန်နေချိန် ဖုန်းလာသံကြောင့်သူကိုင်လိုက်သည်။

*မင်ဆောအာဆီကပဲ*

ဟယ်လို သဲ

ဟယ်လို ကိုကို

အွန်း သဲပြောလေ

ကိုကို့ ကိုသတိရလို့ပါ သဲက

ကိုလည်း သိပ်သတိရတာပေါ့ဗျာ 

သဲလေ နေမကောင်းဘူး ကို

ဘယ်လိုဖြစ်ရတာတုံးသဲရဲ့ ဂရုစိုက်မှပေါ့

ဟို အဲ့တာ သဲလေ ပိုက်ဆံနည်းနည်းလိုနေလို့ ကို

သဲမှာ သုံးစရာမရှိတော့ဘူးလား

သဲလေ skin careတွေဝယ်လိုက်တာ အကုန်သုံးမိသွားတယ် ကို

ခုကို့လက်ထဲမှာလည်း ပေးဖို့ပိုက်ဆံမရှိဘူး သဲ  သဲကို ကို ဝယ်ပေးထားတာလေးတွေကိုခနရောင်းပြီးသုံးလိုက်ပါလား

ကိုပေးထားတာတွေကို သဲ မရောင်းရက်ဘူး သဲအတွက်အရမ်းတန်ဖိုးရှိတာမလို့

ကို့မှာသုံးဖို့ပိုက်ဆံတောင်ကျန်တော့တာမဟုတ်ဘူး သဲ ချေးကြည့်ပါ့လားသူငယ်ချင်းတွေဆီက

သဲရှက်တယ် ကို

ဒါဆို ဘယ်လိုလုပ်မလဲ

ဟို ကို့ သူငယ်ချင်းတွေဆီကချေးကြည့်ပါလားဟင်

ကို ဂျီမင်းဆီက ချေးကြည့်လိုက်မယ်နော်

ဟုတ် ကိုကို ကျေးဇူးပါနော်

Step Brother (COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ