ကြည့်နေသည်မှာ အချိန်မည်မျှကြာသွားသည် မသိ ဘုရားရှိခိုးပြီးသော အသေးလေးသည် အိမ်ပေါက်၀တွင် ရပ်နေသော သူ့ကို အူတူတူလေးနဲ့ ကြည့်လာသည်။
" အကို "
" အင်း "
" အလုပ်သွားရတော့မှာလား ခနနော် ကျွန်တော် ထမင်းကြမ်းပြင်လိုက်ဦးမယ် ဘုရားရှိခိုးတာ နဲနဲကြာသွားလို့"
" ရတယ် ဖြေးဖြေးလုပ် "
ထမင်းစားပွဲတွင် ထိုင်ကာ သူ့အတွက် မနက်စာပြင်ပေးနေသော အသေးလေးကို , အသေးစိတ်လိုက်ကြည့်နေမိသည်။ ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးဖြစ်ပါလျက် အိမ်မှုကိစ္စ နိုင်နင်းသည့် ကောင်လေးသည် ငယ်စဉ်ထဲက ဆုံးမမှုကောင်းသော မိဘများလက်အောက်တွင် ကြီးပြင်းလာသည်မှာ သိသာစွာပင်။
" အကို စားတော့လေ "
" ဟင် အင်း "
မိမိရှေ့တွင် ထမင်းပန်းကန် ရောက်လာသည်ကို မသိအောင်ပင် ရန်ဘုန်းအောင် အတွေးများနေမိသည်။
.
.
.
.
.
.
" ရန်ကြီးရေ မင်းကို ဦးဘမြိုင် ခေါ်နေတယ် "" လာပြီ "
" ဟေ့ကောင် ဘာဖြစ်လို့လဲ "
အသံအုပ်အုပ်နှင့် မေးလာသည့် သာဒင်ကို ရန်ဘုန်းအောင်ခေါင်းခါပြလိုက်သည်။ သောက်နေတဲ့ ရေဗူးကိုပိတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ရန်ဘုန်းအောင်တို့ ပွဲရုံတွင်အလုပ်ဆင်း နေသည်မှာ တစ်လတင်းတင်းပင်ပြည့်တော့ပြီ။
" ကျုပ်ရောက်ပြီ ဦးလေး "
ဦးဘမြိုင်က စာရင်းစာအုပ်ကို ပိတ်လိုက်ကာ ထိုင်ခုံကို လက်ညိုးထိုးပြသည်။
" အေးထိုင်ဦးကွာ မင်းကို ပြောစရာ ရှိလို့ ခေါ်ခိုင်းလိုက်တာ"
" ကျုပ်ကို ဘာပြောမလို့လဲ "
ခပ်မာမာ အသံကို ဦးဘမြိုင် ဂရုမစိုက်ပါ။ ဒီကောင်လေးသည်
အပြောအဆိုကြမ်းပေမယ့် အလုပ်မှာ အားကိုးထားရသည့် လူတစ်ယောက်ဖြစ်သည်။" မင်း စာရင်းကိုင် နေရာဝင်လုပ်မလား အလယ်တန်းပြီးတဲ့အထိ တက်ခဲ့တယ်ဆို "
" ကျုပ်စာရင်းကိုင် လုပ်ရင် ဘယ်လောက်ရမှာလဲ ပိုပေးမှာလား "
![](https://img.wattpad.com/cover/357534527-288-k671563.jpg)
အပိုင်း (၁၅)
Start from the beginning