အခန်း - ၉၃

Începe de la început
                                    

"မင်းက ဒီကိုဘာလာလုပ်တာလဲ"

"ငါ မင်းကို လိုက်ရှာနေတာကြာပြီ။ လူအတော်များများကိုလည်း လိုက်ရှာသေးပေမဲ့ မင်းကိုပဲ ရှာလို့တွေ့တယ်။ ရှောင်ကျွမ်းထုန် ကိုယ့်ကိုယ်ကိုယ်မသတ်သေခင်တုန်းက မင်းဒီမှာရှိနိုင်တယ်ဆိုပြီးတော့ သူငါ့ကိုပြောပြဖူးတယ်။ ဒီတစ်လျှောက်လုံး ငါ ... ... မလာရဲခဲ့လို့"

"အခုကျတော့ ဘယ်လိုဖြစ်လို့ လာရဲသွားပြန်တာလဲ"

ပုရွက်ဆိတ်လေးက ကျန်းယွီသော်အားကြည့်နေပြီး ရယ်သာရယ်လိုက်ကာ စကားမဆိုပေ။

ကျန်းယွီသော်က တစ်အောင့်ခန့်တိတ်ဆိတ်နေပြီးတော့မှ -

"ထမင်းစားပြီးပြီလား"

"မနေ့ကတည်းကနေ အခုအချိန်အထိ မစားရသေးဘူး"

ကျန်းယွီသော်က ချန်ခေါ့ကိုတစ်ချက်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်ခန့်တွေဝေသွားပြီးနောက် -

"မင်းကိုငါတစ်ခုခုလိုက်ကျွေးမယ်"

"ဟုတ်ပြီ"

ပုရွက်ဆိတ်လေးက အင်္ကျီကိုငုံ့ပြင်လိုက်ပြီး နည်းနည်းလေးတောင် အားနားသမှု မရှိစွာ ခေါင်းညိတ်လိုက်သည်။

ချန်ခေါ့က တစ်ခုခုဝင်ပြောချင်သည်။ သို့သော် ဘာမှပြောမထွက်လာပေ။ ဤပုရွက်ဆိတ်လေး၏ စတိုင်ဟန်ပန်သည် ကျန်းယွီသော်နှင့်အနည်းငယ်ဆင်တူသည်။ သို့သော် ကြီးမားသော မတူခြားနားမှုလည်း ရှိသည်။ အသေးစိတ်ကို ချန်ခေါ့လည်း မပြောပြတတ်ပေ။

"ခင်ဗျားစီးကရက်သွားဝယ်လေ"

ကျန်းယွီသော်က ချန်ခေါ့အား အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"မသွားဘူး"

ချန်ခေါ့က ရိုးရှင်းစွာငြင်းလိုက်သည်။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် ကျန်းယွီသော်အား ပုရွက်ဆိတ်လေးကဲ့သို့သော ကျန်းယွီသော်၏မည်းမှောင်သည့်ကလေးဘဝအတိတ်ကို အကြမ်းအားဖြင့်ကိုယ်စားပြုနေသူနှင့် သီးသန့်လွှတ်ထားရန် လုံးဝမဖြစ်နိုင်ပေ။ တစ်စက္ကန့်တောင် လွှတ်မထားနိုင်ပေ။

ကျန်းယွီသော်က ချန်ခေါ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် စကားမဆိုတော့ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Unde poveștirile trăiesc. Descoperă acum