မုချန်ယွင် ဘားထဲတွင်​ပြောသွားသည့်စကားအရ သူတို့နှစ်ဦးက အချင်းချင်းသိ​နေကြမည့်ပုံလည်းရသည့်အပြင် စန်းရန်က မုချန်ယွင်အား အထုပ်တစ်ထုပ်လိုဒရွတ်တိုက် ဆွဲ​ခေါ်သွားပါ​သော်ငြား တစ်ဖက်လူဘက်မှ မ​ကျေမနပ်ဖြစ်​နေသည့်ပုံစံမျိုးမရှိသည့်အတွက် သူတို့နှစ်ဦးမှာ ​တော်​တော်​လေး ရင်းနှီးပုံလည်းရ​နေသည်။

ဝိန်းရိဖန်တစ်​ယောက် သူမကိုယ်တိုင်က သူတို့နှစ်ဦးကြားထဲ သွား​နှောက်ယှက်​နေမိသလိုပင် ခံစားလာရ​​တော့သည်။

စန်းရန်က ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်​နေရင်း ;

"​သောက်ထား​သေးလား?"

ဝိန်းရိဖန်က ​ခေါင်းငြိမ့်ပြ​၏။

"နည်းနည်း​သောက်ထားတယ်"

စန်းရန် ;

"မတ်တပ်ရပ်နိုင်​သေးလား?"

စန်းရန်က အဘယ်​ကြောင့်လာ​​မေး​နေမှန်း မသိပါ​သော်ငြား ဝိန်းရိဖန်က အ​လေးအနက်ဖြင့်ပြန်​ဖြေ​​လေ၏။

"ရပ်နိုင်တယ်"

"ဒါဆို တစ်ခု​လောက်ကူညီ​ပေး"

စန်းရန်က သူ့အိတ်ကပ်ထဲမှ ကား​သော့ကိုထုတ်ပြီး ဝိန်းရိဖန်ထံသို့ပစ်​ပေးလိုက်၍ ;

"အ​ရှေ့ကိုအရင်သွားပြီး ကားတံခါးဖွင့်ထားနှင့်"

ဝိန်းရိဖန် ချက်ချင်းလှမ်းဖမ်းလိုက်သည်။

သူမဘက်က စကားမဆိုရ​သေးခင် စန်းရန်က မုချန်ယွင်၏ အင်္ကျီဦးထုပ်ကို ​နောက်တစ်ကြိမ်ဆွဲဆုတ်ပြီး ခပ်​လျော့​လျော့ပြုံး​နေသည့်အသံဖြင့် ;

"ကိုယ့်ရဲ့ဒီညီ​လေးက ​သောက်ပြီးအမူးလွန်​နေတာမလို့ လမ်း​တောင်မ​လျှောက်နိုင်​တော့ဘူး"

ဝိန်းရိဖန်က မုချန်ယွင်ကိုလှမ်းကြည့်ပြီး ချိတုံချတုံဖြင့်

"အကူအညီလို​သေးလား?"

"မလို​တော့ဘူး"

စန်းရန်က မုချန်ယွင်ကို အ​ရှေ့သို့​ဆောင့်ဆွဲ​ခေါ်သွားသည့်အားမှာ မနည်းလှ ၊ မုချန်ယွင်၏မျက်နှာသည်ပင် နီရဲ​နေ​လေပြီ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now