Part 43

3.8K 272 94
                                    


အချစ်ထူး

အပိုင်း (၄၃)

#အချစ်ထူး

12080700

"သားကော...အထူး..."

အထူး လိုက်ကာတွေကို ဆွဲတင်နေရင်း ပြုံးမိသွားသည်။

အစ်မက သားကို အပျောက်ကို မခံတော့တာပါ..။

"မေမေ နဲ့ မုန့်စားနေတယ် ..."

"ထူး..ဈေးသွားလိုက်သေးလား..."

"ဟုတ်..စောနကမှ ပြန်ရောက်တာ..."

"ဒီနေ့တော့ စားကောင်းပြီ...ဟီး..."

အစ်မက ကလေးလေး တစ်ယောက်လို ပခုံးကျ့ုံ့ပြီး ရယ်နေတော့ အထူး သဘောကျလို့ ပြုံးမိသွားသည်။

"မီးဖိုခန်းမှာ အညှော်လုပ်နေလို့ ဒီမှာပဲ စားလိုက်နော်.."

"ဟုတ်ကဲ့ရှင့်..."

အစ်မကို ခုတင်မှာ ပြန်ထိုင်ခိုင်းလိုက်ပြိး အခန်းပြင် ထွက်လာခဲ့ရသည်။

မနက်စာအတွက် ပေါင်မုန့်ကြက်ဥနဲ့ ကြက်ဥပူတင်းမုန့်ခွက်လေးတွေကို ပန်းကန် တစ်ခုထဲ ထည့်ပြီး ပြင်ဆင်လိုက်သည်။

ကော်ဖီကော မသောက်ရတော့ အိုဗာတင်း တစ်ခွက်ဖျော်လိုက်သည်။

တအားပူနေရင် အစ်မသောက်လို့ အဆင်မပြေမှာ စိုးလို့ အေးအောင် လုပ်ပြီးမှ ခွက်ထဲ ထည့်လိုက်သည်။

"မီးငယ်နိုးပြီလား...သား.."

"ဟုတ်...နိုးပြီ...မေမေ...ခု မုန့် ကျွေးမလို့ပါ.."

"သြော်...သားလည်း တစ်ခါတည်း စားဦး...နောက်ကျနေပြီ..."

အထူး ခေါင်းညိတ်လိုက်ပြီး အခန်းထဲကို ရောက်တော့ အစ်မက ဖုန်းကြည့်နေလို့ ဖုန်းကို ဆွဲယူလိုက်ရသည်။

"အလုပ်အော်ဒါတွေ ခဏကြည့်တာပါ..ယောက်ျားရဲ့.."

"အစ်မက အားနည်းနေတယ်..စိတ်ကို သက်တောင့်သက်သာ ဖြစ်အောင် ထားပြီး အားရှိအောင် အစားများများစားပြီး များများ အိပ်ရမှာလေ..."

"ဟုတ်ကဲ့ရှင့်..."

အစ်မက နှာခေါင်းရှုံ့ပြီး အထူး လက်ထဲက ပန်းကန်တွေကို လက်ကမ်းယူတော့ ကလေးလေးနဲ့ တူလို့ အထူး ပြုံးမိသွားသည်။

အချစ်ထူးWhere stories live. Discover now