Part 28

3.1K 259 91
                                    


အချစ်ထူး

အပိုင်း (၂၈)

#အချစ်ထူး

07170124

"မင်းကလည်း နည်းနည်းပါးပါးတောင် မပြောဘူး..လုပ်ချင်တာလုပ်လိုက်တာပဲကွာ..."

"အိုး...ခု..ယူယူ...နောက်ယူယူ...ယူရမှာပဲမလား..."

ဖေဖေ ပြန်လာတော့ မေမေ နဲ့ စကားများသလို ဖြစ်ကုန်မှာ စိတ်ပူပါသည်။

အစ်မက ငိုပြီးကတည်းက အပေါ်တက်သွားတော့ အထူး တစ်ယောက်တည်း အောက်မှာ ထိုင်နေရသည်။

" မင်္ဂလာဆောင်ရင်လည်း ကျွန်မတို့ဘက်ကပဲ စီစဉ်ပေးရမှာပဲလေ...ခုလက်မှတ်ထိုးပြီး နှစ်ဆန်းလောက်မှ စီစဉ်ပေးတာပေါ့...ရှင်ပဲ သဘောတူပါတယ်ဆို..."

"အေး...တူတာတော့ တူတာပေါ့...ထူးထူးကျော်က မလည်မဝယ် ဘာမှ မသိနားမလည်ခင် အချိန်တုန်းက သမီးက သူ့ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုပြီး ယူဆခဲ့တာလေ...နောက်ပိုင်း သူ့ခံစားချက်ကို သူနားလည်လာမှ သမီးကို တကယ်ချစ်မြတ်နိုးတယ်ဆိုတာ သေချာ မှ စီစဉ်ပေးသင့်တာမလား.....ခုလို လောလော လုပ်လိုက်တော့ ထူးထူးကျော် စိတ်ပြောင်းသွားရင် ငါ့သမီးပဲ စိတ်ဆင်းရဲရဦးမယ်..."

"အဲလိုမျိုး မဖြစ်စေရပါဘူး...ကျွန်တော် ကတိပေးပါတယ် ဖေဖေ..."

အထူး ဝင်ပြောလိုက်တော့မှ ဖေဖေကော မေမေ ကော က အနောက်ကို လှည့်ကြည့်ကြသည်။

အထူး ကို အားနာသလို ဖြစ်ကြပေမဲ့လည်း အထူးကသာ အားနာရတာပါ..။

အစ်မကို ပိုင်ဆိုင်ချင်တဲ့စိတ်ပဲ ရှိပြီး အဖြစ်ကျတော့ မရှိပါဘူး...။

မပြည့်ပြောခဲ့ဖူးသလို အစ်မ အရင်လူနဲ့ဆို တခြားစီပါပဲ..။

အိမ်... စီးပွားရေး... မိဘ ...အသိုင်းအဝိုင်း... ပညာရေး အစစ အကုန်လုံး အထူး လိုက်မမှီအောင်ပါပဲ...။

အထူးမှာ သူ့ထက်သာတယ်လို့ ယူဆမိတာ ဆိုလို့ အစ်မကို ချစ်တဲ့ အချစ်ပဲ ရှိပါသည်။

ဒါပေမဲ့ သူကလည်း အစ်မကို ပြန်ချစ်နေပြီမို့ ပြန်ကြိုးစားတော့မည်တဲ့..။

အချစ်ထူးजहाँ कहानियाँ रहती हैं। अभी खोजें