Part 39

3.2K 294 86
                                    


အချစ်ထူး

အပိုင်း (၃၉)

#အချစ်ထူး

07211102

"ကျွန်တော်...သွားတော့မယ်နော်..."

"အင်း..ကားကို သေချာမောင်းဦး.."

"ဟုတ်...."

ကားသော့ယူပြီး လူကို လှည့်ကြည့်ကာ အကဲခတ်နေတော့  မသိချင်ယောင်ဆောင်နေလိုက်သည်။

"မိန်းမ..တာတာ့.."

အိ ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုပဲ ကြည့်နေလိုက်သည်။

အတူတူ သွားချင်ရအောင် သူ့သားက အိပ်နေလို့ စောင့်ပေးရဦးမည်လေ..။

အိ စိတ်မကြည်လင်စွာဖြင့် ဆိုဖာကို ပစ်မှီချလိုက်ရသည်။

ဖေဖေ က အိ့ကို နားချလွန်းပေမဲ့လည်း စိတ်က အဆင်မပြေသေးပါဘူး..။

စိတ်ကို ပူလောင်စေတဲ့ အတွေးတွေကို ထုတ်ပြီး ဖုန်းပြန် ကြည့်နေလိုက်သည်။

ကလေးအသုံးအဆောင် ပစ္စည်းတွေ တက်လာတော့ တစ်ခုချင်း လိုက်ကြည့်မိသည်။

အနွေးထည်တော့ ဝယ်ရဦးမည်။

ပြီးတော့ တွန်းလှည်းလည်း မရှိဘူး..။

ကလေး ပုခက်မှာ ချိတ်ရတဲ့ မိုးပျံအရုပ်လေးတွေဆို ကြိုက်မှာပဲ..။

ပစ္စည်းတွေကို တစ်ပုံချင်းကြည့်ပြီး ရွေးရင်း ဝယ်စရာတွေ များသွားလို့ တစ်ခါတည်း အော်ဒါ တင်လိုက်ရသည်။

အိ ပစ္စည်းတွေ ဝယ်ပြီးတော့ တက်လာတဲ့ ပုံတွေ လိုက်ကြည့်နေချိန် ငိုသံထွက်လာတော့သည်။

"......."

အခန်းထဲကို ရောက်သွားတော့ မျက်လုံးမှိတ်ငိုတာ မဟုတ်ပဲ အခန်းတံခါးဘက်ကို မော့ကြည့်ရင်း ငိုနေတာ..။

သူငိုရင် သူ့ဖခမည်းတော်က ဒီအပေါက် က ပြေးဝင်လာတာတောင် သိနေပြီ..။

တော်တော်လည်တဲ့လူလေး.။

အဲဒါကြောင့်လည်း သနားတက်တဲ့ လူကိုမှ အသုံးချပြီး အိမ်ပေါ်ရောက်လာတာပဲလေ..။

"အူငဲ.."

"ဟေး..."

အိ့ အသံပေးလိုက်တော့ ခဏငြိမ်သွားပြီး မော့ကြည့်ပေမဲ့ မမြင်တော့ ပြန်ငိုပြန်သည်။

အချစ်ထူးWhere stories live. Discover now