Part 13

2.7K 245 103
                                    


အချစ်ထူး

အပိုင်း (၁၃)

#အချစ်ထူး

07090730

"နည်းနည်းခက်ပေမဲ့..နောက်ဆို ဒါနဲ့ပဲဆွဲကြည့်...နားလည်သွားရင် လွယ်သွားလိမ့်မယ်..."

"ဟုတ်ကဲ့..."

ပုံဆွဲဖို့ စက်အသစ်တွေနဲ့ နေသားမကျသော်လည်း အိ့ စကားကို နားထောင်ခေါင်းညိတ်ပြီး ထိုင်ဆွဲနေတော့သည်။

စက်ဝယ်တဲ့ ပိုက်ဆံကို သူပြန်ပေးဦးမည်တဲ့..။

သူ ဆွဲသမျှကို အိ က ဒီဇိုင်းယူသုံးနေပြီး လခ ပုံစံမျိုးပေးရင်လည်း မယူလို့ စက်ကိုတော့ လက်ခံပါဆိုပြီး မနည်းတောင်းပန်၍ ပေးထားရတာ..။

သူဆွဲနေကျ ခပ်သေးသေး မျက်နှာပြင်မျိုး မဟုတ်တော့ ပန်ထောက်လိုက်လို့ ပုံကြီးသွားရင် လက်က နောက်ဆုတ်သွားသည်။

အိ တစ်ချက် ပြုံးမိပြိး မသိချင်ယောင်သာ ဆောင်နေလိုက်ရသည်။

"အမယ်...ပုံလေး က မဆိုးဘူး...ဒါပေမဲ့ ရင်းရင်းနှီးနှီး မြင်ဖူးသလိုပဲ...ဘယ်မှာပါလိမ့်..."

ပြည့်ပြည့်က စာရွက်ပေါ်က ပုံကို ကြည့်ရင်း လှမ်း ပြောပေမဲ့လည်း အိကတော့ ပန်းချီကားတွေကိုပဲ သေချာ စစ်နေလိုက်သည်။

တရားခံလေးကလည်း အိ့ကို တစ်ချက် ကြည့်တော့ နေရခက်သည်။

"ဆရာကြီး..ဒါက ဘယ်က ကုန်ကြမ်းရတာလဲ..."

ပြည့်ပြည့်မေးလိုက်တာနဲ့ လက်ထဲက ပန်ကို ချလိုက်ပြီး ပြုံးလိုက်တော့ အိ မျက်လုံးပြူးပြရင်း ခေါင်းကိုလည်း ရမ်းပြလိုက်ရသည်။

ပြည့်ပြည့်မ က သိရဲ့သားနဲ့မေးတာဆိုရင်တောင် ဝန်ထမ်းကောင်မလေးတွေ ရှေ့မှာ သူက ကိုယ့်အိမ်ကို ရောက်လာတယ်ဆိုတာ မပြောစေချင်တာပါ..။

ဆရာသမားလေးကတော့ အိနဲ့ ပတ်သက်တာ ဘာပဲ မေးမေး အမှန်အတိုင်း ပြောပြီး ကျေနပ်နေတာ..။

အိ့ကို နားမလည်သလို ကြည့်နေလို့ မျက်နှာတည်ကာ ခေါင်းကို ထပ်ရမ်းပြလိုက်သည်။

ပြုံးလက်စကနေ မျက်နှာငယ်ဖြစ်သွားကာ ပုံပြန်ဆွဲနေလို့ အနိုင်ကျင့်မိသလိုတောင် ခံစားရသည်။

အချစ်ထူးWhere stories live. Discover now