Part 42

3.2K 262 118
                                    


အချစ်ထူး

အပိုင်း (၄၂)

#အချစ်ထူး

"အစ်မ..."

အိ ဒေါသကြောင့် ခြေလှမ်းမြန်သော်လည်း မျက်ရည်က အလိုလို ကျလာသည်။

လမ်းလျှောက်ရင်း မျက်လုံးတွေ ပြာလာသလို ဖြစ်ပြီး နာကျင်မှုက ဆိုးဝါးလာတော့ ဟန်မဆောင်နိုင်တော့ပဲ တွေ့ရာ ခုံမှာ ခဏဝင်ထိုင်လိုက်ရသည်။

"အစ်မ...အစ်မ..စိတ်မဆိုးပါနဲ့..အစ်မရယ်...ကျွန်တော် အစ်မကို စိတ်ပူလို့ပါ...ကျွန်တော် အစ်မကို စိတ်ပူတယ်...အစ်မ တစ်ခုခု ဖြစ်သွားမှာ ကြောက်တယ်..."

အိ ပြန်ပြောနိင်ဖို့ထက် ကိုယ့်ဝေဒနာနဲ့ ကိုယ် နာကျင်နေရသည်။

"ဝင်လို့ရပြီနော်..."

"ဟုတ်ကဲ့..."

အိ မတ်တတ်ရပ်ဖို့ ကြိုးစားသော်လည်း မူးဝေသွားကာ အနားက သူ့ပခုံးကို ကိုင်ရင်း ပြန်ထိုင်ကျသွားသည်။

"အစ်မ..."

"အဆင်ပြေရဲ့လားရှင့်.."

"........."

"......."

ကိုယ်ဝန် နှစ်လကျေ်ာဆိုပေမဲ့ ဒီအနေအထား နဲ့ ခံစားရတဲ့ ဝေဒနာကို တွေးမိရုံဖြင့် အိ့ ဝမ်းနည်းစိတ်က ရင်ထဲမှာ လှိုက်နေသည်။

အိ နည်းနည်း သက်သာသွားတော့ ဆရာဝန်က အာထရာဆောင်းရိုက်ဖို့ ပြင်ဆင်သည်။

"ရိုးရိုး ကိုယ်ဝန်ပျက်ချင်တာ ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး..သားအိမ်ပြင်ပ ကိုယ်ဝန်ဆိုရင်တော့ ခုလို အခြေအနေက ခွဲစိပ်ဖို့ လိုလိမ့်မယ်..."

"ဗျာ..."

"အဖြေကို ခဏစောင့်ကြည့်ပေးပါ..."

သူနဲ့အတူ ရင်ခုန်ပြီး ဆေးခန်းပြချင်ခဲ့တဲ့ အိပ်မက်က အကုန်ပျက်သုန်းသွားပြီ ထင်ပါရဲ့...။

သူ့ဆန္ဒကတော့ ချက်ချင်းပြည့်ဝသွားပြီပေါ့လေ။

အိ မျက်ရည်ဝဲလာသော်လည်း မျက်တောင် ပုတ်ခတ်လိုက်မိသည်။

"ဝင်ခဲ့မယ်..ဒေါက်တာ..."

"မလာနဲ့..."

ကလေးကိုပါ ပိုက်ပြီး အခန်းထဲ ဝင်လာတော့ အိ စိတ်ဆင်းရဲစွာဖြင့် မျက်လုံး မှိတ်လိုက်ရသည်။

အချစ်ထူးWhere stories live. Discover now