Part 41

3.2K 270 85
                                    


အချစ်ထူး

အပိုင်း (၄၁)

#အချစ်ထူး

12080300

"ကိုထူး..."

အထူး ရှေ့ကို ရောက်လာတဲ့ ဖိုင်တွေကို ဖတ်ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်ရသည်။

ပစ္စည်းရောက်ရင်လည်း လက်မှတ်ထိုး..။

ပစ္စည်းထွက်ရင်လည်း လက်မှတ်ထိုး..။

ဒါတောင် အန်ကယ်လေးက ဝန်ထမ်းတွေ ထပ်ဖြည့်ပြီး အဆင့်ဆင့် စစ်ဆေးခိုင်းထားလို့တော်သေးသည်။

အရင်တုန်းကလို အထူး တစ်ယောက်တည်းသာ အကုန်စစ်ရရင်တော့ ရူးလိမ့်မည်.။

"ပေပေ..."

"ဝိုး...ဒါဘယ်လုလဲ..."

"ခစ်...ခစ်..."

"ပိုင်ပိုင်လေးလား..."

ခေါင်းညိတ်ရင်း မုန့်ထုပ်ကိုင်ကာ ဝင်လာတော့ အထူး ကောက်ချီပြီး နမ်းလိုက်သည်။

"မမ နဲ့ မနေတော့ဘူးလား.."

ဝန်ထမ်းကောင်မလေးက လက်ကမ်းပေမဲ့ သား က ခေါင်းရမ်းပြီး မုန့်ထုပ်ကို အထူးကို ထိုးပေးနေတော့ ပြုံးပြီး ယူလိုက်ရသည်။

"ရတယ်...ထားခဲ့လိုက်...ဇင်မေ..."

"ဟုတ်ကဲ့..."

သားကို ပွေ့ချီပြီး ခုံမှာ ပြန်ထိုင်လိုက်ကာ သားလက်ထဲက မုန့်ထုပ်လေးကို ယူပြီး ဖောက်ပေးလိုက်သည်။

မုန့်တစ်ခုယူပြီး ခွံ့ပေးလိုက်တော့ သားကလည်း တစ်ခုယူပြီး ပြန်ခွံ့ပေးသည်။

"ကောင်းလား..."

"......"

သား က ခေါင်းညိတ်လိုက်ပြီး မုန့်စားတော့ အထူး ပြုံးမိပြီး ပါးနုနုလေးကို ဖွဖွ နမ်းလိုက်မိသည်။

"ရှယ်ပဲ...ရှယ်ပဲ..."

အစ်မပြောနေကျ စကားအတိုင်း ပြောလိုက်တော့ သားက တခစ်ခစ်နဲ့ သဘောကျနေသည်။

နာရီ ကြည့်လိုက်တော့ နေ့ခင်း တစ်နာရီခွဲတော့မှာမို့ ဖုန်းကိုလှမ်းယူပြီး အစ်မဆီကို ဆက်လိုက်ရသည်။

"ဟလို...."

"ဟလို...မပြည့်လား..."

"ဘယ်သူလဲ...."

အချစ်ထူးWhere stories live. Discover now