Part 25

2.9K 250 70
                                    


အချစ်ထူး

အပိုင်း (၂၅)

#အချစ်ထူး

11280631

"မယ်အိ...ပုံတွေ ရောက်နေပြီ..ရွေးဦးလေ.."

အိရှေ့မှာ ရှိနေတဲ့ စာရွက်တွေကို ကြည့်လိုက်ကာ လူကြိုက်များမယ် ထင်ရတဲ့ ဒီဇိုင်းလေးတွေကို ရွေးထုတ်လိုက်သည်။

သစ်ကိုင်းလေးနဲ့ ငှက်လေး နှစ်ကောင်ပုံက ဝယ်သူကြိုက်လောက်ပြီး အိမ်ရှေ့ခန်းမှာထားလို့လည်း အဆင်ပြေလောက်သည်။

"အမယ်လေး...တော်တော် လွမ်းနေတာပဲ...ငှက်မောင်နှံပုံတဲ့..ဟွန့်.."

"နင်ပဲရွေးဆို..."

"အေးပါ...အေးပါ..နင့်ရဲ့တစ်မူးသာတဲ့ အထူးလေး...ဖုန်းတွေ ဘာတွေ မဆက်ဘူးလား.."

"မဆက်ဘူး..မေမေ မှာထားလို့နေမှာပေါ့..."

"အမလေး...တော်တေ်ာလေး ဖြည့်တွေးပေးတက်တာပဲနော်..."

မိပြည့် က ရန်ချည်းစနေတော့  အိ စကားဆက်မပြောတော့ပဲ တခြားပုံလေးတွေကို နေရာချလိုက်သည်။

"ဒီတစ်ပုံလည်း အဆင်ပြေတယ်..."

"......."

အိမ်ပုံလေး ကို ဖယ်ပြီး ဘေးမှာ ချထားလိုက်သည်။

မိပြည့်က ငှက်ပုံလေးကိုယူသွားတော့မှ ရှေ့က ပုံလေးတွေကို ကြည့်ပြီး သက်ပြင်း တစ်ချက်ရှိုက်လိုက်မိသည်။

မေမေ့ဆီမှာနေတုန်းက ဖုန်းမပြောရတာ အိ နားလည်ပေမဲ့လည်း အခုချိန်ထိလည်း မေမေကတစ်ဆင့် ပုံကိစ္စတွေ ပြောနေရသေးသည်။

သူ့ဖုန်းကို ခေါ်ရင် ပိတ်ထားတယ်ချည်းပဲ...။

အိ စိတ်ထဲမှာ တခြား အတွေးတစ်ခု ရောက်လာပြန်သည်။

သူက ပွင့်လင်းတက်တဲ့သူ မဟုတ်ဘူး..။

အိ နဲ့ ပတ်သက်ရင်လည်း သူ့မှာ အကြောက်တရားက ရှိသေးသည်။

မေမေ က တစ်ခုခု ပြောလိုက်လို့များလား မသိပါဘူး.။

မေမေတို့ အိမ်မှာ သွားနေကတည်းက ရှောင်ဖယ်ဖယ် လုပ်နေတက်တာ။

နောက်ပြီး သူ့က သိမ်ငယ်စိတ် အားငယ်စိတ်များတဲ့လူ။

အိ စိတ်ထဲက အထင်ကြောင့် ချက်ချင်း ကားသော့ကောက်ယူလိုက်မိသည်..။

အချစ်ထူးWhere stories live. Discover now