Part 23

2.9K 257 63
                                    


အချစ်ထူး

အပိုင်း (၂၃)

#အချစ်ထူး

"အယ်..."

အိ ကော်ဖီ သောက်ရင်း ကြည့်နေမိချိန် ပန်းကန်တွေကို ရေခါရင်း သူ့ကိုပါ စိုကုန်တော့သည်။

ပန်းကန်တွေ ခွက်တွေကို မှောက်ပြီးတော့ အကျီ ၤစိုသွားတဲ့ သူ့ဗိုက်ကို သူငုံ့ကြည့်သေးသည်။

သူ့ကို ကြည့်ပြီး ရယ်နေမိတာမို့ သူက လှည့်ကြည့်လာချိန် မျက်နှာမထားတက်လို့ ရယ်ပြလိုက်ရသည်။

သူကလည်း ပြုံးပြတာပါပဲ..။

"ခါးမှာချည်တဲ့ အဝတ်ပိုင်း ရှိလား...အစ်မ..."

"ဟင်.."

"ပန်းချီဆွဲရင် ဝတ်တာမျိုးလေ..."

သူပြောတာ နားမလည်လို့ ခေါင်းရမ်းလိုက်တော့ သူက လက်ညိုးထောင်ပြီး တစ်ခုခု ခပ်တိုးတိုး ရေရွှတ်ကြည့်နေသည်။

"‌သြော်...အေပရွန် အစ်မ..."

"ရှိတယ် ...ပန်းရောင်နော်..ဝတ်မယ်မလား....."

"အစ်မ ပန်းရောင်မကြိုက်ပါဘူး...နက်ပြာနဲ့ အနက် တစ်ခုခုပဲနေမှာပါ..."

သူက ယုံကြည်ချက် ရှိရှိ ပြောလိုက်တော့ အိ အံသြမိပါသည်။

သူ့အကြောင်းတွေ သိချင်သေးပေမဲ့သူကသာ ကိုယ့်အကြိုက်တွေ သိအောင် ကြိုးစားနေတာပဲလေ..။

အိ ကော်ဖီလည်း ကုန်ပြီဆိုတော့ ကော်ဖီခွက်ကို ယူကာ ထလာခဲ့ပြီး အေပရွန် နက်ပြာကို ဖြုတ်ယူပေးလိုက်ရသည်။

"ပေးပါ..ကျွန်တော်ဆေးမယ်..."

"မလုပ်ပါနဲ့...အားနာတယ်..."

"အစ်မ ရေစိုမယ်လေ...ကျွန်တော်က ဒါဝတ်ထားတယ်..."

အေပရွန်ကို ခေါင်းပေါ်က စွပ်ချရင်း ပြောတော့ အိ အလျော့ပေးကာ ကော်ဖီခွက်ကို ပေးလိုက်ရသည်။

ကော်ဖီခွက်ဆေးပြီးတာနဲ့ ငါးတွေကို ရေဆေးတော့ အိ လည်း ကူပေးဖို့ တွေးမိသည်။

"အစ်မ...မန်ကျည်းသီးရှိလား..."

"ဟင့်အင်း.."

"ဆားကော.."

အချစ်ထူးWhere stories live. Discover now