Part 26

2.5K 230 73
                                    


အချစ်ထူး

အပိုင်း (၂၆)

#အချစ်ထူး

12010630

"မေမေ...အထူး...အစ်မကို ဖုန်းဆက်ချင်လို့..."

"ဟမ်...ဘာဖြစ်လို့လဲ..."

"အစ်မက နေမကောင်းဘူးဆိုတော့ စိတ်ပူလို့ပါ..."

"ဖြစ်ရလေဟယ်..."

"မဟုတ်ရင် အိပ်ပျော်မှာ မဟုတ်ဘူး မေမေ..."

"အေး...အေး...ဆက်...ညတော့ မနက်စေနဲ့နော် ...သား မနက် အလုပ်လုပ်ရတယ်မလား..."

"ဟုတ်...မေမေ"

မေမေ က ဖုန်းချသွားတာနဲ့ အထူး ဖုန်းထဲကို အစ်မ ဖုန်းနံပါတ် ရိုက်ထည့်လိုက်ပြီး တစ်ခါတည်း ဆက်လိုက်သည်။

"ဟလို....အစ်မ..."

"ထူးကျော်လား.."

"ဟုတ်...."

"ထူးကျော်...ရေခဲသေတ္တာခလုတ်ကို ပိတ်သွားတာလား..."

"ဟင်...ဟုတ်..."

"အဲကွန်းရီမုကွန်ထရို ကို လည်း နေရာ ပြောင်းသွားတယ်မလား..."

"...ဟုတ်..."

"အိုး....ခုချိန်ထိ ရှာတာ မတွေ့ဘူး..မူးနှောက်နေတာပဲ...ဘာတွေ လုပ်သွားတာလဲ..."

"အစ်မက ရေခဲရေတွေ သောက်တာကိုး....ခုရက် မသောက်ဖြစ်အောင် ရေခဲသေတ္တာ ပိတ်သွားတာ...မိုးကလည်း အေးနေတော့ အဲကွန်းလည်း ဖွင့်အိပ်မှာ စိုးလို့ပါ...."

"ဟူး..."

အစ်မက သက်ပြင်းချလိုက်တော့ အထူးကို စိတ်ဆိုးသွားပြီလားလို့ စိတ်ပူမိသည်။

"အစ်မ..ဗိုက်အောင့်သေးလား..."

"မပြောဘူး..."

"ဟင်..."

"အဲကွန်း ရီမု ဘယ်မှာ ဖွက်ခဲ့လည်း အရင်ပြော..."

"ဟုတ်..မပြောခင် တစ်ခုပြောမလို့..."

"အမယ်....တောင်းဆိုချက်တွေတောင် တက်နေပြီပေါ့လေ..."

"အဟွင်း..ဟုတ်..."

အစ်မက ရန်တွေ့သလိုလေး ပြောတော့ အထူး သဘောကျလို့ ပြုံးနေမိသည်။

အဲကွန်းရိမု ကို နေရာပြောင်းခဲ့တာတော့ အစ်မ အေးနေမှာ စိုးလို့ပါ..။

အချစ်ထူးOnde histórias criam vida. Descubra agora