Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်

Start from the beginning
                                    

သို့သော် ယခုမှာ ထိုအခြေအနေ နှစ်ခုနှင့် လုံးဝ ကိုက်ညီမနေချေ။

လက်ရှိ အချိန်၌ အကောင်းဆုံး နည်းလမ်းမှာ အဆိပ်​ဖြေဆေး အမြောက်အမြားကို သန့်စင်ပြီး အဆိပ်သင့်မှုအား ခေတ္တတားဆီးရန်သာ ဖြစ်​တော့သည်။

ထိုအကြောင်းကို တွေးရင်း လုရွှမ် စိတ်ဓာတ်ကျသွားသည်။ အနာဂတ်မှာ သူနဲ့အတူ တစ်ကမ္ဘာလုံးက အဆိပ်ဖြေဆေး အမြောက်အမြား ယူသွားပြီး အဆိပ်တစ်ခုမိတိုင်း ဖြေဆေးသောက်ရမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒါက စိတ်ပျက်စရာ ကောင်းလွန်းတယ် မဟုတ်ဘူးလား။

"လူမိုက်! တကယ်လူမိုက်ပဲ!"

လုရွှမ် ရှုံးနိမ့်သွားချိန်မှာပဲ ကျီးကန်းဟာ ကျောက်စိမ်းပြားထဲမှ တဖျတ်ဖျတ် ပျံသန်းလာခဲ့သည်။

"ကျီးကန်း မင်းမှာ ဘာနည်းလမ်းရှိလဲ"

လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။ အဆိပ်ခတ်ခံရတဲ့ အချိန်မှာတောင် ဒီသေနာကျီးကန်းက ရွဲ့စောင်း ပြောနေသေးသည်။

"မင်းကို ငတုံးလို့ ခေါ်တာ မဆန်းပါဘူး... တကယ် တုံးလွန်းတယ်!" ကျီးကန်းက ဆိုလေ၏။

"ဒါက အဆိပ်သက်သက်ပဲ မဟုတ်လား? ပြဿနာကြီးလည်း မဟုတ်ဘဲနဲ့"

"မင်းငါ့ကို အဆိပ်ဖြေပေးနိုင်လား?"

လုရွှမ် ရုတ်တရက် အလွန်ဝမ်းသာသွားသည်။ ဒီကျီးကန်းက ဘယ်ကနေ ရောက်လာမှန်း မသိပေမယ့် ရှန့်ခုန်းချိုင့်ဝှမ်းကနေ ထွက်လာပြီးနောက် သူသိလိုက်တာက ဒီကျီးကန်းမှာ လျိုဝှက်ချက်တွေ တော်တော် များနေတယ် ဆိုတာပင်။

ကျီးကန်း သူ့ကို အဆိပ်​ဖြေပေးနိုင်တာလား?

"စစ်မှန်တဲ့ နဂါးနှလုံးသား! နဂါးနှလုံးလေ!"

ကျီးကန်းက ကျယ်လောင်စွာ အော်လေသည်။

"နဂါးနှလုံးနဲ့ ပေါင်းစပ်လိုက်ရင် မင်းမှာ တကယ့်နဂါးနဲ့တူတဲ့ နှလုံးသား ရှိလာမယ်... မင်းရဲ့ခန္ဓာကိုယ်ကလည်း အရမ်း တိုးတက်လာလိမ့်မယ်.... ဒီအဆိပ်လောက်က စိုးရိမ်စရာ မရှိသလို မိနစ်ပိုင်းအတွင်း ပျောက်ကင်းသွားလိမ့်မယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now