Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်

Start from the beginning
                                    

မြို့ထောင်ချီမဟာမိတ်လို ရုပ်ထွေးတဲ့ နေရာမျိုးမှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဟာလည်း အခြေအနေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတတ်သည်။ လျိုမိသားစုရဲ့ ဘိုးဘေးတွေတောင် မဖြေရှင်းနိုင်တဲ့ တည်ရှိမှု တစ်ခုရှိလာတာနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အနေနဲ့ တန်ပြန် အရေးယူမှုများ ပြုလုပ်ကြသည်။

အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို တိုးတက်စေပြီး နယ်ပယ်ကို ချိုးဖျက်နိုင်သည့် ဆေးလုံးများကို သန့်စင်ပေးနိုင်သလို အမျိုးမျိုးသော အဆိပ်ဆေးများကိုလည်း သန့်စင်ပေးနိုင်သည်။

ခရမ်းရောင် အဆိပ်ငွေ့တွေဟာ ဆိုရင် သူတော်စင်တစ်ပိုင်း ထက်နိမ့်တဲ့ လူတွေကိုပင် သေဆုံးစေနိုင်၏။ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာတောင် ဖြေဆေး ၃လုံးပဲ ရှိ​လေသည်။ ဒီအဆိပ်ပြင်း မီးခိုးမျိုးကို မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့တောင် မိမိတို့ဘာသာ မသန့်စင်နိုင်ကြပေ။

အဆိပ်ပြင်း မီးခိုးမျိုးကို အမြောက်အမြား သန့်စင်နိုင်သည်နှင့် တစ်ပြိုင်နက် မြို့ထောင်ချီမဟာမိတ်ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် မဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်လာနိုင်ပြီး စီးပွားရေးလည်း လုံးဝ ပျက်စီးစေနိုင်သည်။

ဒီအခြေအနေကို အထက်ပိုင်း ဌာနချူပ်က မမြင်ချင်သလို ဖြစ်လာအောင်လည်း ခွင့်မပြုထားချေ။

ကျောက်စိမ်းပြားထဲရှိ လုရွှမ်သည် အဆိပ်ဖြေဆေး အများအပြားကို ဆက်တိုက် သန့်စင်သော်ငြား ၎င်းတို့ကို သောက်သုံးပြီး နောက်တွင် အဆိပ်ပြေသွားခြင်း မရှိခဲ့ချေ။

သူ့ခမျာ တဖြည်းဖြည်း ဒေါသထွက်လာသလို အားကိုးရာမဲ့ လာခဲ့သည်။

ယခု သူ့တွင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုရှိပြီး မြင့်မားသော အဆင့်ရှိ အဆိပ်ဖြေဆေးကို သန့်စင်နိုင်ပါက ခန္ဓာကိုယ်ထဲက အဆိပ်ကို လုံးလုံး ချေဖျက်ပစ်နိုင်ပြီ။

ဒါမှမဟုတ် သူ့လက်ထဲမှာ ပိုအဆင့်မြင့်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ ရှိနေခဲ့ရင် လက်ရှိမိနေတဲ့ အဆိပ်အတောက်တွေကို ချေဖျက်နိုင်တဲ့ ဆေးကို သန့်စင်နိုင်လောက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now