Arc 4🗡33🗡ပြိုကျသွားပြီ

Start from the beginning
                                    

အလယ်မှာ ရပ်နေတဲ့ လုရွှမ်ကတော့ သူ့မျက်နှာပေါ်မှာ အေးတိအေးစက် မျက်နှာထားကိုသာ တပ်ဆင်ထား၏။

လျိုမိသားစု၏ ကျွန်ဈေးကွက်သည် အလွန်ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားသည်။ အခြေခံအားဖြင့် ၎င်းသည် မြို့ငယ်လေးလို ဖြစ်​မေပြီး အထဲတွင် ကျွန်သန်းပေါင်းများစွာ ရှိသည်။ ဒီလိုအကျယ်အဝန်းနဲ့ ကြီးမားတဲ့ အကာအကွယ် အခင်းအကျင်းမျိုး မရှိနိုင်ဟု လုရွှမ် ယုံကြည်သည်။

အကာအကွယ် အခင်းအကျင်းရဲ့ ဖိအားသာ မရှိပါက လုရွှမ် ဤနေရာတွင် ဖြစ်လာမည့် ပြဿနာ တစ်စုံတစ်ရာ အတွက် လုံးဝစိတ်မပူဘဲ ထွက်ခွာသွားနိုင်သည်။

တပ်ဖွဲ့ တစ်ခုပြီးတစ်ခု ချဉ်းကပ်လာသည်နှင့်အမျှ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူများလည်း ပြေးလာခဲ့သည်။ ဤကျင့်ကြံသူများ ရောက်လာသောအခါ အစက စုရုံးနေသော လူအုပ်ကြီးသည် ချက်ချင်းရပ်လိုက်ပြီး အမိန့်ကို စောင့်ကာ သပ်ရပ်စွာ မတ်တပ်ရပ်လိုက်သည်။

"သတ်ပစ်!"

ထိုကျင့်ကြံသူ ရောက်လာပြီးနောက် လုရွှမ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅မှာသာ ရှိနေတာကို တွေ့လိုက်ရပြီး ချက်ချင်း သတ်ရန် အမိန့်ပေးလိုက်သည်။ ဒီလိုအင်အားနဲ့ သူ့နောက်ကွယ်မှာ အင်အား ကြီးကြီးမားမား ရှိနေရင်တောင် သူ့ကြောင့်နဲ့တော့ လျိုမိသားစုနဲ့ စစ်ပွဲစရန် လုံးဝမဖြစ်နိုင်ပေ။

ဒါက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅လေးပဲလေ။ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်နေပါစေ လျိုမိသားစုကိုတော့ သူ့နောက်ခံက ပြဿနာ ရှာရဲမှာ မဟုတ်ဘူး။

စုရုံးလာတဲ့ တပ်ဖွဲ့ တစ်ခုစီတွင် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ ရှိကြသည်။ ဒီလူတွေဟာလည်း ကျွန်ဈေးကွက်ထဲက ကျွန်များဖြစ်သည်။ လျိုမိသားစုမှ အထူးနည်းလမ်းများဖြင့် ချုပ်ကိုင်ပြီးနောက်တွင် ၎င်းတို့ကို လျိုမိသားစု အစောင့်များအဖြစ် ပေါင်းထည့်လိုက်ကြသည်။

အမိန့်ရပြီးနောက် အားလုံးက တစ်ယောက်ပြီး တစ်ယောက် လူစုခွဲကာ အဖွဲ့ဖွဲ့ကြသည်။ အဖွဲ့ငယ် တစ်ခုစီတွင် လူ ၂၀ မှ ၃၀ ခန့်ရှိပြီး တိုက်ခိုက်ရေးပုံစံ အဖြစ် အားလုံး စုစည်းမိသွား​ကြသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now