Arc 4🗡33🗡ပြိုကျသွားပြီ

Start from the beginning
                                    

"ငါက ပြဿနာရှာရုံတင် မကဘူး... လူပါ သတ်ဦးမှာ!"

ရုတ်တရတ် ပြုံးလိုက်ရင်း လုရွှမ် ရုတ်တရက် လှုပ်ရှားလိုက်ကာ ထိုလေးယောက်ကို တစ်ယောက်ပြီး တစ်ယောက် လေးကြိမ်ဆက်တိုက် ထိုးပစ်လိုက်သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ အစောင့် လေးယောက်သည် လေထဲသို့ တိုက်ရိုက် ခေါက်တင် ခံလိုက်ရပြီး နံရံမှာ ပြေးကပ်နေကြတော့သည်။

ဝုန်း အုန်း ဗုန်း!

ပေါက်ကွဲသံ တစ်ခုကြားရပြီး အစောင့်လေးယောက်က နံရံကို ပြေးဆောင့်ပစ်လိုက်ရာ ကြီးမားတဲ့ အင်အားက နံရံကို တိုက်ရိုက် ပြိုကျသွားစေရုံ သာမက အဆောက်အဦး တစ်ခုလုံးပါ ပြိုကျသွားစေသည်။

"သေစမ်း!"

"ဘာလဲကွာ!"

"ဘာဖြစ်တာလဲ?"

ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုအဆောက်အဦးဟာ ဧည့်ခန်းမလိုပဲ။ အင်အားကို ခိုင်ခံ့စေတဲ့ အခင်းအကျင်းမျိုး လုံးဝ မရှိချေ။ လုရွှမ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ကို တစ်ချက်လှုပ်ရုံနဲ့ သတ်နိုင်တဲ့ စွမ်းအားကြောင့် သဘာဝကျကျ နံရံကလည်း မလွဲမသွေ ပြိုကျသွားမှာပင်။

အပျက်အစီးများ ကြားမှ ကျင့်ကြံသူများ ခုန်ထွက်လာရင်း ကျိန်ဆဲနေကြသော်လည်း ရောက်ရှိလာသော လူများ အားလုံးမှာ ဉာဏ်ရည် ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့ရှေ့မှ လူငယ်သည် လျိုမိသားစုကို ပြောင်ပြောင်တင်းတင်း စော်ကားရဲတာသောကြောင့် အကြောက်အလန့် မရှိမှန်း သိသာလေသည်။

ဆူပူကြိမ်း မောင်းတာတွေ စောဒကတက်တာတွေနဲ့ ဘယ်သူမှသွားပြီး အနှောင့်အယှက် မပေးဝံ့ပေ။

ငါးများနှင့် နဂါးများ ရောနှောနေသော မြို့ထောင်ချီ မဟာမိတ် အဖွဲ့ကဲ့သို့ နေရာမျိုးတွင် ရှင်သန်နေသည့် လူများသည် မည်သူမှ ငတုံး မဟုတ်ကြဘူးလေ။

သို့သော် ထိုသို့သော အုံကြွမှုကြီးသည် လျိုမိသားစုမှ လူများကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ စစ်တပ်တစ်ခုကဲ့သို့ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ကျင့်​​ကြံသူများ တစ်စုပြီးတစ်စု ပေါ်လာသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now