စုထျန်းက စကားလုံးသုံးလေးလုံးဖြင့် ဖုကျွမ့်အား မောင်းထုတ်လေတော့၏။
"မင်းကို မပြောဘူး....သွား"
ဖုကျွမ့် ထွက်သွားပြီးနောက်တွင် စုထျန်းက ဝိန်းရိဖန်နားသို့ ပြန်ကပ်လာ၏။
"ငါ ဘာလို့မှန်းမသိဘူး အဲ့ခွေးပေါက်လေးက ငါတို့ဘက်ကိုလှမ်းလှမ်းကြည့်နေတယ်လို့ ခံစားနေမိတယ် ၊ သူ နင့်ကို ကြိုက်ချင်နေတာလား ဒါမှမဟုတ် ငါ့ကိုလား"
ဤစကားဆိုပြီးနောက် စုထျန်းက ဝိန်းရိဖန်၏ရုပ်ရည်အား တစ်ချက်ပြန်ကြည့်လိုက်ပြီး စကားပြင်ပြောလိုက်တော့၏။
"တော်ပါပြီ ၊ ငါ့ကိုငါ အရှက်ရအောင်မလုပ်တော့ဘူး"
"....."
ဝိန်းရိဖန်လည်း လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် မုချန်ယွင်က သူ့နေရာ၌ထိုင်ပြီး တည်တည်တံ့တံ့ဖြင့် ကွန်ပြူတာကိုစိုက်ကြည့်နေကာ စက္ကန့်ပိုင်းကြာပြီးနောက် သူမတို့၏အကြည့်များကို ခံစားရိပ်မိသွားသည့်အလား မျက်လုံးပင့်ကြည့်လာ၏။ သူတို့၏အကြည့်များနှင့် ဆုံသွားခဲ့သည်နှင့်တပြိုက်နက် ရှက်ပြီးပြုံးပြလာလေတော့သည်။
အတော်လေးချစ်ဖို့ကောင်းသည့်ပုံစံပင်။
ဝိန်းရိဖန်လည်း ယဥ်ကျေးသမှုပြန်ပြုံးပြလိုက်ပြီး အကြည့်လွှဲလိုက်၏။ သူမအနေဖြင့် မူမမှန်သလိုဘာမှမခံစားရသောကြောင့် ;
"ဘာတွေလျှောက်တွေးနေတာလဲ ၊ ပထမဆုံးအလုပ်ဝင်တဲ့နေ့မလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးအောင် လုပ်နေတာနေမှာပါ"
"အတင်းအဖြစ်ပြောရုံပဲဟာ ၊ ချောတဲ့ကောင်လေးတွေ့နေတာတောင် နင်က ဘာဖြစ်လို့ နည်းနည်းလေးမှစိတ်ဝင်စားသလိုမဖြစ်ရတာလဲ"
စကားပြောနေရင်း စုထျန်းက အနည်းငယ်သိချင်စိတ်ဖြစ်လာခဲ့သဖြင့် ;
"အေ့....နင် ဒီလို Type မျိုးကိုသဘောကျလား"
"အာ"
"ငါ့အမြင်မှာတော့ နင်က ဒီလိုပုံစံမျိုးကို လုံးဝစိတ်မဝင်စားသလိုပဲ ၊ နင် သဘောကျတဲ့ Type မျိုးမရှိဘူးလား ၊ နင် လိုချင်တဲ့ပုံစံမျိုးတို့ ဘာတို့လေ ၊ နွေးထွေးတာမျိုး....ပိုင်စိုးပိုင်နင်းဆန်တာမျိုး....တက်တက်ကြွကြွရှိတဲ့ပုံစံမျိုး...."
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 34
Start from the beginning