Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး

Start from the beginning
                                    

"ဘာကို အဆင်သင့် ဖြစ်ရမှာလဲ? ဒီတစ်ခါ ငါအလှည့်ပဲကွ!"

ထိုကျင့်ကြံသူက ရုတ်တရက် လုရွှမ်ဆီ ပြေးလာ၍ လက်ဖဝါး စွမ်းအင် တစ်ချက်ဖြင့် လွှဲရိုက်လိုက်သည်။

သူတိုက်ခိုက်တာတာကို မြင်တဲ့အခါ လုရွှမ် နောက်ပြန်မဆုတ်သွားဘဲ တစ်ဖက်လူရဲ့ လက်ဝါး သူ့အနားရောက်ခါနီးမှာ စိတ်စွမ်းအားတွေကို လွှတ်ထုတ်လိုက်သည်။

ဗုန်း!

အားကြီးသော စွမ်းအားတစ်ခုက ပြိုင်ဘက်ကို ဖုံးအုပ်ထားပြန်သည်။ သူ့ရဲ့ လက်ဝါးက လေထဲမှာ အေးခဲနေသလို သို့မဟုတ် ပုလင်းထဲတွင် ပိတ်မိနေသော ပိုးကောင်လေး တစ်ကောင်လို ဘယ်လောက်ပဲ လှုပ်ရှားနေပါစေ လုံးဝ မရွေ့နိုင်ဘဲ ဖြစ်နေသည်။

ဖြောင်း!

ရုတ်တရက် ကောင်လေးရဲ့ လက်ဖဝါးက တက်လာပြန်၏။

အစောကအတိုင်း ပါးရိုက် ခံလိုက်ရသော်လည်း ယခုတစ်ကြိမ်တွင် လုရွှမ် စိတ်စွမ်းအားကို ထပ်လောင်း ထည့်ထားလိုက်သည်။

ဝုန်း!

ဧရာမ တောင်ကြီးတစ်တောင်က ထို​လူရဲ့ မျက်နှာကို ဝင်ရောက် ရိုက်ထုတ်လိုက်သည့်နှယ့် တစ်ကိုယ်လုံး ဝေ့ယမ်းသွားသည်။ ဒီတစ်ခါတော့ အရင်ကလို ကံမကောင်းတော့ဘဲ သူ့ခမျာ ချက်ချင်း သွေးတွေ ထွက်လာပြီး ခေါင်းကလည်း ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။

လေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးနောက် ထိုလူဟာ မြေပြင်ပေါ် လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။

သူနဲ့ရင်းနှီးနေတဲ့ ကျင့်ကြံသူ တစ်ဦးသည် ချက်ချင်း ပြေးချလာပြီး လဲကျနေတဲ့လူကို သေသေချာချာ စမ်းသပ်လိုက်တော့မှ စိတ်သက်သာရာ ရသွားခဲ့သည်။

ကံကောင်းစွာနဲ့ မသေသေးချေ။

ဒီအခြေအနေမှာ လူနှစ်ယောက်ကြား သေရေးရှင်ရေး ကိစ္စမျိုး ကြုံလာခဲ့ရင် သေချာပေါက် တစ်ဖက်လူက သူ့မိတ်ဆွေကို အသေသတ်သွားလို့ ရ၏။

ဒဏ်ရာများကို ကုသနိုင်သော အဂ္ဂိရတ်ဆေး တစ်လုံးကို ထိုအဆင့်၈ ကျင့်ကြံသူ၏ ပါးစပ်ထဲ ထည့်ကျွေးလိုက်ပြီးနောက် ထိုလူသည် ဂနာမငြိမ်သော မျက်လုံးများကို ဖွင့်လျက် သတိရလာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now