471 - 475

774 58 0
                                    

အပိုင်း၄၇၁
ရှီယုကျေနပ်လို့မပြီးသေးခင်မှာပဲ ဝမ်းဟန်ကသူမရဲ့ခေါင်းနောက်ကိုလက်နဲ့ကိုင်လိုက်ကာ နှုတ်ခမ်းကိုပြင်းပြစွာနမ်းလိုက်တယ်။ သူတို့၂ယောက်အချိန်အတန်ကြာနမ်းရှိုက်နေပြီးမှနှုတ်ခမ်းချင်းပြန်ခွာလိုက်တယ်။ဝမ်းဟန် နေရောင်ဖြာကျနေတဲ့ ရှီယုမျကိနှာကိုကြည့်နေရင်း သူမနှုတ်ခမ်းကိုအသာယာထပ်နမ်းမိသွားတယ်။ သူ့အပြုမူကရှီယုအတွက်ချစ်မြတ်နိုးခံရတဲ့ခံစချက်မျိုးပေးနေကာသူမခေါင်းငုံ့ပြီးသူ့နှုတ်ခမ်းကိုပြန်နမ်းလိုက်တယ်။နေသာတဲ့နေ့လည်ခင်းမှာပန်းရနံ့တွေကသူတိူ့အင်္ကျီတွေပေါ်မှာစွဲထင်နေပြီး၂ယောက်လုံးကလဲအပြန်အလှန်ချစ်ကျွမ်းဝင်နေကြကာသူတို့ကြားမှာဘာစကားမှမလိူဘဲ တစ်ယောက်ရင်ထဲတစ်ယောက်ရှိနေတာကိုအလိုလိုသိနေကြတယ်။သူတို့၂ယောက်နှုတ်ခမ်းတွေပြန်ခွာလိုက်ချိန်မှာတော့ တိမ်သားရဲနဲ့စန်းပန်ကထွက်သွားနှင့်နေပြီဆိုတာကိုတွေ့လိုက်ရတယ်။သူတို့တွေဒီနေရာမှာလူရှိနေတာကိုသတိထားမိလို့ထွက်သွားကြတာဖြစ်မှာ...
အဲ့လိုတွေးမိသွားတော့ရှီယုရဲ့မျက်နှာကရဲတက်လာတယ်။

"အဲ့တာအားလူံးရှင့်အမှားပဲ"

ဝမ်းဟန်ကအပြစ်ကင်းပုံနဲ့"မင်းပဲကိုယ့်ကိုထိန်းချုပ်ရခက်အောင်လုပ်တာလေ"သူ့ကိုပြန်စိုက်ကြည့်ခံရတာမြင်တော့စကားတွေပြန်ပြောင်းလိုက်တယ် "လက်တုံ့ပြန်လိုက်သလိုပဲဆိုတော့ကျေပြီ"

ရှီယုနားရှုပ်သွားကာသေချာတွေးကြည့်လိုက်မှ စန်းပန်နဲ့ချန်ရှင်းတို့ကိုပြန်တွေးမိသွားပြီး သဘောပေါက်သွားတယ်။ ရှီယုထရပ်လိုက်ကာ သူမကိုယ်ပေါ်ကပွင့်ဖက်တွေကိုဖယ်လိုက်ပြီး "စန်းပန်ကျမကိုလာရှာတာပြောစရာရှိလို့ဖြစ်မှာ သွားတွေ့လိုက်အုံးမယ်"

"ခဏလေး"ဝမ်းဟန်လက်ဆန့်ကာ ရှီယုရဲ့ဆံထုံးနဲ့ဆံထိုးကိုပြင်ပေးပြီးမှ "ရပြီ"

ရှီယုထွက်သွားတာနဲ့ဝမ်းဟန် ဆောင်ကူးစင်္ကြံလမ်းထဲလျှောက်သွားကာ ကျောက်ဆောင်တွေဘက်ကိုကြည့်လိုက်ပြီး "ဒေါ်လေး ထွက်လာခဲ့တော့"

ကျောကိဆောင်တွေနောက်က စုနျန်အပြုံးလေးနဲ့ထွက်လာခဲ့ကာ "လိုချင်တာရသွားတာဘယ်လိုခံစားရလဲ?"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now