အပိုင်း-၁၄၁ (Takoyaki)
နောက်နေ့မနက်မှာပဲ ချင်းချန်တို့အားလုံး ပြန်သွားကြတယ်။ သူတို့ ထွက်သွားတာနဲ့ လင်းဖန်နဲ့ ဖုန်းလျိုတို့ပါ ထွက်သွားကြတယ်။ အားလုံးထွက်သွားကြတော့ ရှီယုတို့ မောင်နှမ၃ယောက်ပဲ ကျန်နေခဲ့ကာ ဝါးအိမ်ကြီးမှာ အလွတ်ကြီးလိုက်ဖြစ်သွားတယ်။
လောင်အာကလဲ ဒီမနက်နိုးလာတော့ အရင်လို စိတ်ဓာတ်ကျနေတဲ့ ပုံရိပ်မျိုးမရှိတော့တာကို တွေ့လိုက်ရတယ်။
"အနည်းဆုံးတော့ ကျတော်လဲ စွမ်းအင်ကျင့်ကြံနိုင်သွားပြီလေ" လောင်အာက ပြုံးပြကာ ပြောနေပေမယ့်လဲ ရှီယု သူ့အပြုံးကိုကြည့်ပြီး စိတ်မသက်မသာဖြစ်သွားတယ်။သူမ လောင်အာအတွက် နောပ်ထပ် လျှပ်စီးမျိုးစေ့တစ်ခု ထပ်ရှာပေးဖို့ပါတွေးလိုက်တယ်။
ထိူနေ့လယ်ခင်းမှာပဲ ရှီယုက သူမလဲ မကြာခင် ခရီးစ,ထွက်မယ့်အကြောင်း လောင်အာတို့ကို ပြောလိုက်တယ်။
"အစက အစ်ကိုကြီးလင်းဖန်တို့ လေ့ကျင့်ဖို့ဆိုပြီး ထွက်သွားကြတုန်းက မမလဲ လိုက်သွားသင့်တယ်လို့ တွေးနေတာ။ အခု မမလဲ အတွေ့အကြုံယူဖို့ ခရီးထွက်တော့မယ်ဆိုတော့ ကောင်းတာပေါ့။ ရှောက်ချီကို ကျတော် စောင့်ရှောက်ထားမှာမလို့ မမ ဘာမှ စိတ်မပူပဲအေးအေးဆေးဆေး သွားပါ" လောင်အာက ပြောလိုက်တယ်။
အခုလို ဒီကလေး၂ယောက်က သိတတ်နေတာကို မြင်တော့ ရှီယု သူတို့ခေါင်းတွေကို ပွတ်သပ်ပေးလိုက်ကာ ဝမ်းရှန်ရယ် သူတို့၂ယောက်ရယ်ကို အကြီးအကဲလျူဆီမှာ အပ်ခဲ့လိုက်တယ်။ ဒါ့ပြင် သူမနဲ့ ရင်းနှီးနေတဲ့ လင်းရှောင်းရှောင်းနဲ့ ကန်ပင်းဆီမှာပါ ဝမ်းရှန်တို့၃ယောက်ကို စောင့်ရှောက်ပေးထားဖို့ မှာခဲ့လိုက်တယ်။
ရှီယု အထုတ်အပိုးတွေ ပြင်ပြီးသွားတာနဲ့ အိပ်ပျော်နေတဲ့ စန်းပန်ကို ပန်းအိုးထဲမှာထည့်ကာ စတင်ထွက်ခွာလာခဲ့တယ်။
ရှီယုက သူ့သခင်ရဲ့ မွေးရပ်မြေကို သွားတော့မှာဆိုတာသိလို့နဲ့ တူတယ် သူမ ကိုယ်ထဲမှာရှိနေတဲ့ မီးဝိညာဥ်က အရမ်းကို တက်ကြွနေတယ်။
သူမ ခရီး မထွက်ခင်တုန်းက ဘေးအိမ်က တုန်းဖန်ကျန်းတစ်ယောက် သူမဆီကို ရောက်လာကာ ရွှမ်းယင်ဘယ်သွားလဲဆိုပြီး လာမေးသေးတယ်။ ရှီယုက အမှန်အတိုင်းပြန်ဖြေလိုက်တော့ တုန်းဖန်ကျန်းက ဒေါသထွက်သွားကာ အိမ်အမြန်ပြန်သွားတယ်။
တုန်းဖန်ကျန်းက မိုင်ပေါင်းထောင်ချီမှာရှိနေတဲ့ သူ့ရဲ့ဇနီးသည်နောက်ကို လိုက်သွားမလားဆိုတာတော့ သူမလဲ မပြောတတ်ဘူး။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Actionဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...