466 - 470

512 49 0
                                    

အပိုင်း၄၆၆

ချန်းရှောင်ထင်း စိတ်ငြိမ်သွားပြီးနောက် တောင်ပံတွေကိုရုတ်သိမ်းလိုက်ပြီး ရှီယုတို့ဆီပြန်သွားခဲ့တယ်။သူ ရှီယုကိုတွေ့ချိန်မှာလက်၂ဖက်ကိုဆုပ်ပြီး အရိုသေပေးလိုက်ကာ "ကျေးဇူးတင်ပါတယ်။ မင်းတကယ်ကြီးငါ့ဆန္ဒကိုဖြည့်ဆည်းပေးနိူင်မယ်လို့မထင်ထားမိဘူး။စိတ်မပူပါနဲ့ ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောပါဘူး"

ရှီယုလဲခေါင်းငြိမ့်ပြလိုက်တယ်။
........
နောက်ရက်အနည်းငယ်အကြာမှာတော့ ဓားသခင်ရဲ့မွေးနေ့ကိုရောက်လာခဲ့တယ်။ တိုမွေးနေ့ပွဲကိုလဝက်ကြာဆင်နွှဲကြပြီးနောက် ရှီယုက ပြင်ပကမ္ဘာကိုသွားဖို့ပြင်ဆင်နေကြစဥ်မှာ ချင်းချန်တို့အဖွဲ့က ကောင်းကင်လောကမှာ   နန်းမင်သးတော်စင်ရဲ့ဂူကိုသွားရှာဖို့အတွက်ကောင်းကင်လောကကိုခရီးဆက်ဖို့ရာပြင်ဆင်နေကြတယ်။ နန်မင်းသူတော်စင်က လျှပ်စီးစွမ်းအင်ကျင့်ကြံသူဖြစ်တာကြောင့် ရှီကျင်းကလဲ ထိုခရီးစဥ်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် အဆုံးမှာတော့ ရှီယု,စုနျန်, စန်းပန်, တိမ်သားရဲနဲ့ မီးယူနီကွန်တို့ပဲ ပြင်ပကမ္ဘာကိုသွားဖြစ်သွားတယ်။

ရှီယု ဝမ်းဟန်နဲ့အတူပြင်ပကမ္ဘာကိုသွားတဲ့လမ်းမှာမေးလိုက်တယ် "ဝမ်းရှန်လဲ သူတို့နဲ့လိုက်သွားတာစိတ်မပူဘူးလား?"

"ခဏပဲသွားတာ တစ်သက်လုံးမှမဟုတ်တာ"

သူတို့တွေ မှော်လောကကိုရောက်ပြီးမှ အဲ့ကနေရာရွှေ့ပြောင်းအစီရင်နဲ့ ပြင်ပကမ္ဘာကိုရောက်လာခဲ့ကြတယ်။

ပြင်ပကမ္ဘာမှာတော့ ရှီယုတို့လာနေပြီဆိုတဲ့သတင်းကို နတ်ဆိူးဘုရင်ကြီး၃ယောက်က သိထားပြီးပြီပင်။ ချန်ရှင်း ပြင်ပကမ္ဘာမှာရှိတဲ့ ဆည်းဆာချိန်ကြီး ပန်းမျိုးစုံနဲ့ ငှက်တွေရဲ့ကျိကျိကျာကျာအော်သံတွေကိုကြားနေရတာ ထူးဆန်းတယ်လို့ခံစားနေရမိတယ် "ဒီလိုတွေပြောင်းလဲလိုက်တာပြသနာတော့မရှိဘူးမလား?"

"ပြသနာရှိလဲငါတော့မတတ်နိုင်တော့ဘူး" ဒီမှာပန်းမျိုးစုံပွင့်လာအောင်လုပ်ဖို့ရာ နတ်ဆိုးဘူရင်ကြီး၃ယောက်မှာ ပန်းပင်မျိုးစုံလိုက်ရှာထားရတာပင်။ အကြင်နာတရားမရှိတဲ့ကျားသစ်ဘုရင်ကြီးတောင်မှ လက်မြှောက်နေရပြီပင်။ သူတို့ထဲမှာ နတ်ဆိုးဘုရင်အသစ်အဖြစ်ရာထူးတိုးခံထားရတဲ့ ချူရှောင်းက သူ့သခင်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုမသိသေးတာကြောင့် ကျန်၂ယောက်ကိုမေးလိုက်တယ် "ပြင်ပကမ္ဘာခုလို ဘာကြောင့် ပြောင်းလဲသွားရတာလဲ ကျတော့်ကိုပြောပါအုံး"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now