အပိုင်း၃၁၁
လင်းရှောင်းရှောင်းနဲ့ လျူ၁၁မှာ စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်ကြပေ...
အိပ်မပျော်တာကြောင့် စကားပြောရန် ၂ယောက်လုံး ခေါင်မိုးပေါ်တက်သွားကြတယ်။ တည်းခိုခန်းခေါင်မိုးပေါ်ကနေတဆင့် ခေါင်းလောင်းထားရာအမြင့်ဆုံးစင်အထိ တက်သွားကြတယ်။
လျူ၁၁-"လွန်ခဲ့တဲ့၁၀ရက်က ခုလိုနေရာစိမ်းတစ်ခုမှာပေါ်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး"
လင်းရှောင်းရှောင်းလဲ သူနဲ့ထပ်တူခံစားနေရတယ်။သူမရဲ့သိုလှောင်လက်စွပ်ထဲကနေ စားစရာတွေထုတ်လိုက်ပြီး လျူ၁၁ကိုပါ မျှပေးလိုက်တယ်။ ၂ယောက်သား စားရင်းနဲ့ မြို့ထဲက ရှုခင်းကိုငေးကြည့်နေကြတယ်....
ပြောနေရင်းနဲ့ ရှီယုအကြောင်းကိုရောက်သွားကြတယ်။
လျူ၁၁-"အမှန်တိုင်းပြောရရင် ငါလဲမမျှော်လင့်ထားဘူး။ငါ သူ့ကို စ,တွေ့တုန်းက ချီသိပ်သည်းကာစ အဆင့်မှာပဲရှိနေသေးတယ်။ ခဏလေးအတွင်းမှာပဲ သူက ငါတို့ကိုကျော်တက်သွားပြီ။
အရင်တုန်းက ငါ အလေးစားဆုံးသူက အစ်ကိုကြီးပဲ။ သူ့လို အသက်၂၀မှာ ဗဟိုချက်သိပ်သည်းမှုအဆင့်ကိုရောက်ရင် ကောင်းတယ်လို့တွေးထားတာ။
ဒါပေမဲ့ သူကအခုတော့ ငါ့အစ်ကိုထက်တောင် ကောင်းကင်ရဲ့အသွင်သဏ္ဍာန်ဖြစ်တည်ခြင်းအဆင့်ကိုရောက်တာ ပိုစောတယ်။ နောက်ဆုံးတော့ မတည်မြဲခြင်းသဘောကို နားလည်သွားပြီ"
လျူ၁၁ရဲ့ညှိုးငယ်နေတဲ့ပုံစံထက်စာရင် လင်းရှောင်းရှောင်းရဲ့ပုံစံက အများကြီးလွတ်လပ်နေတယ် "နင်က နင့်ကိုယ်နင် အဲ့မကောင်းဆိုးဝါးတွေနဲ့သွားယှဥ်နေမှတော့ အတွေးထဲမှာပိတ်မိနေမှာပေါ့။ နင် သူတို့ကို သာမန်လူလိူမျိုး သွားယှဥ်နေမှတော့ နင်ပဲရှုံးမှာပေါ့!တစ်နေ့မှာ သူတို့တွေ ရုတ်တရက်ကြီး အုတ်မြစ်ချအဆင့်ကိုတက်သွားရင်တောင်မှ မအံ့ဩတော့ဘူး!"
အဲ့လိုလူတွေနဲ့ သွားယှဥ်နေမှတော့ ကိုယ့်ကိုယ်ကိုညှင်းပတ်နေတာပဲ..
လင်းရှောင်းရှောင်းပြောတာကို နားထောင်လိုက်တော့ လျူ၁၁လဲ သူမပြောတာ အဓိပ္ပါယ်ရှိတယ်လို့တွေးမိလိုက်တယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Actionဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...