101 - 105

782 77 0
                                    

အပိုင်း-၁၀၁ (ယုန်သားကင်)

သစ်သားစွမ်းအားအဆီအနှစ်ဆို
တာက  နှစ်ရာချီထောင်ချီပြီး စုဆောင်းရတဲ့ သစ်ပင်တွေရဲ့ သွေး
အဆီအနှစ်တွေပဲဖြစ်တယ်။ ဒီကမ္ဘာပေါ်မှာ ကျင့်ကြံဖို့ အခက်ခဲ
ဆုံးကတော့ အပင်တွေပဲဖြစ်
တယ်။

အစေ့ကနေအပင်ပေါက်ပြီး အရွယ်ရောက်လာတာနဲ့ လေထဲက
ချီစွမ်းအင်တွေကို စုပ်ယူပြီး စတင်
ကျင့်ကြံနိုင်ကြတယ်။ ဒါပေမယ့် သူတို့တွေက တခြားမျိုးနွယ်တွေ
လိုမျိုး ဆေးပင်တွေကို မမှီဝဲနိုင်
တဲ့အတွက် ကျင့်ကြံနှုန်းက နှေး
လွန်းတယ်။

သစ်သားစွမ်းအင်အဆီအနှစ်ရှိတဲ့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အပင်ကို ရှာတွေ့ဖို့ဆိုတာ တော်တော်လေးခဲယဥ်းလွန်းတယ်။
လူသားတွေက အပင်တွေရဲ့ သန့်စင်မှုကြောင့် အပင်တွေရဲ့
စွမ်းအားကို လိုချင်တပ်မက်ကြ
တယ်။ဒါပေမယ့် သစ်သား
စွမ်းအားအဆီအနှစ်ကိုတော့  လုယူလို့မရဘူး။ လုယူဖို့ကြိုးစား
တာနဲ့ သစ်ပင်တွေက သူတို့ကိုယ်
သူတို့ လောင်ကျွမ်းစေပြီး ဘေးနားတစ်ဝိုက်က မြေတွေကိုပါ ဖျက်ဆီးပစ်ကြလေ့ရှိတယ်။

ဒါကြောင့်လဲ အသိစိတ်ရှိတဲ့ အပင်
တွေကို ကပ်ဆိုးကြီးတစ်ခုလိုမျိုး ရှောင်ကြလေ့ရှိတယ်။

အဲ့လို မာနကြီးလွန်းတဲ့ အပင်တွေ
က ဘာလို့ သစ်သားစွမ်းအား
အဆီအနှစ်တွေကို ဝမ်းရှန်လက်ထဲ ကို စိတ်လိုလက်ရထည့်ပေးနေ
ကြတာလဲ?

သူတို့အားလုံး ဆန်းကြယ်လွန်းတဲ့ အဖွဲ့ဝင်ကြီးကို စိုက်ကြည့်လိုက်ကြ
တယ်။

ရှီယုက အရင်ဆုံး စ,မေးလိုက်
တယ် "ဝမ်းရှန် ဒီအသီးတွေကို ဘယ်ကနေ ခူးလာတာလဲ?''

ဝမ်းရှန်က ခေါင်းခါပြကာ အပေါ်
ကို လက်ညှိုးထိုးပြလိုက်တယ် "ငါ ခူးလာတာမဟုတ်ဘူး။ ဘိုးဘိုးသစ်ပင်က ပေးတာ"

(ဘိုးဘိုးသစ်ပင်?)

သူတို့အားလုံး အပေါ်ကို မော့
ကြည့်လိုက်တော့ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးကိုပဲ တွေ့လိုက်ရ
တယ်။ ထိုသစ်ပင်ကြီးကလဲ ဘာလှုပ်ရှားမှုမှမရှိဘဲ ငြိမ်သက်နေ
တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now