အပိုင်း၂၁၆
ပြောလို့ပြီးပြီးချင်း တုန်းဖန်ကျန်းကို ကိုင်ပေါက်လိုက်တာကြောင့် ဘေးနားကသူတွေဆို အရိုးကျိုးသံတွေပါကြားလိုက်ရတယ်။
စင်အောက်မှာရှိနေတဲ့ရွှမ်းယင်တစ်ယောက် လက်သီးတင်းတင်းဆုပ်ထားမိလိုက်တယ်။သူမရဲ့ကျင့်ကြံမှုအဆင့်သာနိမ့်မနေရင်...
စင်ပေါ်မှာရှိနေတဲ့တုန်းဖန်ကျန်း ရွှမ်းယင်ရဲ့ဒေါသကိုခံစားမိတာကြောင့် "မ..လာခဲ့..."သူပြောနေစဥ်မှာပဲ သူ့ရင်ဝကို လက်သီးနဲ့အထိုးခံလိုက်ရတာကြောင့် ကြမ်းပြင်ပေါ်ချက်ချင်းလဲကျသွားတယ်။
သူ တစ်ဖက်ကိုလှိမ့်ပြီး ရှောင်ဖို့လုပ်နေစဥ်မှာပဲ နားရွက်တစ်ဖက်က တုန်းဖန်ကျန်းရဲ့ ပခုံးကိုတူနဲ့ထုချလိုက်တယ်။
နားရွက်တစ်ဖက်က တုန်းဖန်ကျန်းကိုသတ်နေတာကိုမြင်တော့ ကျောင်းအုပ်ကြီးလက်သီးတင်းတင်းဆုပ်ကာ သူသိက္ခာကျမှာလဲဂရုမစိုက်တော့ဘဲ သွားကယ်ဖို့လုပ်လိုက်တယ်။
ကံကောင်းစွာနဲ့ ချင်းချန်တစ်ယောက် သူ့ရန်သူရဲ့တိုက်ခိုက်မှုကနေ ရုန်းထွက်နိုင်ကာ တုန်းဖန်ကျန်းရဲ့ရှေ့ကိုခုန်ထွက်သွားပြီးနောက် တုန်းဖန်ကျန်းကိုစင်ပေါ်ကနေ ကန်ချလိုက်တယ်။
ရုတ်တရက်၅ယောက် ၄ယောက်တိုက်ပွဲဖြစ်သွားတယ်။
ဓားပြတွေဘက်မှာ ဗဟိုချက်သိပ်သည်းမှုအဆင့် ၈,၄နဲ့၅က သူတွေရှိနေကြကာ ချီချူးယွင်က အခုမှအဆင့်၁မှာပဲရှိနေတာကြောင့် ရှီယုတ်ို့ဘက့ကအရေးနိမ့်နေတယ်။
"တကယ်လို့ ဖုန်းလျိုသာပြုတ်ကျမသွားခဲ့ရင်" ပရိသတ်တစ်ယောက်ကဝေဖန်လိုက်တယ်"ဖုန်းလျိုနေရာမှာ အဲ့မိန်းကလေးကိုအစားထိုးရင်တောင်မှပဲ နိုင်နိူင်ချေနည်းတယ်"
သူတို့အားလုံးက ချီချူးယွင်ရဲ့အကြောင်းကိုမသိကြပေမဲ့လဲ ချီချူးယွင်က ရှီယုတို့အဖွဲ့ကိုနောက်ပြန်ဆွဲထားတယ်လို့ပဲ တွေးနေကြတယ်။
ထိုသို့ဆွေးနွေးသံတွေက သိပ်ပြီးမကျယ်ပေမဲ့လဲ ချီချူးယွင်ကတော့ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။
YOU ARE READING
အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )
Actionဝတ္ထုအကျဉ်းချုပ်..... ၂၁ရာစုက စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ ရှီယု တစ်နေ့မှာ လမ်းဖြတ်ကူးရင်းနဲ့ ကားတိုက်ခံရပြီးတော့ ထူးဆန်းတဲ့လောကကြီးကို ရောက်သွားကာ သူတောင်းစားတစ်ယောက်ဖြစ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာတစ်ခုက ရှီယု အဲ့ဒီလောကကြီးကိုကောင်းကောင်းကြီး သိနေတာပ...